သက္ကရာဇ် ၁၄၀၂ ခုနှစ်မှာ ယန်းမင်းသားကြီးကျူးတိဟာနန်ကျင်းကို ဦးဆောင်သိမ်းပိုက်ပြီးနောက် ရာဇပလ္လင်က်ိုဆက်ခံခဲ့ပါတယ်။အရင်ဘုရင်ကျန့်ဝိန်ဟာထွက်ပြေးသွားခဲ့ပြီး သူ့ရဲ့ သားငယ်လေးကလည်းထူးခြားစွာပျောက်ဆုံးသွားခဲ့ပါတယ်။ကလေးပျောက်သွားတဲ့ နေရာမှာ ပီအိုနီပန်းတံဆိပ်တစ်ခုသာ ကျန်ခဲ့ပါတယ်။သိုင်းလောက သူရဲကောင်းသူခိုးအနေနဲ့ နာမည်ကြီးတဲ့ ဟုန်မူတန်းဟာနိုင်ငံရေး ရှုပ်ထွေးမှုတွေ ကြားမှာ မှူးကြီးမတ်ရာတွေရဲ့ကလေးတွေကို ခိုးယူခြင်းဖြင့် ကယ်တင်ပေးခဲ့ပါတယ်။မင်းကြီးရဲ့ တူတော်ကိုလည်း ခိုးယူသွားတဲ့အတွက် မင်းကြီးမှနေမထိထိုင်မသာ ဖြစ်နေရပါတယ်။ အဲ့ဒါကြောင့် ကိုယ်ရံတော်တပ်နဲ့တော်ဝင်စုံစမ်းစစ်ဆေးရေးဌာနကို ပြန်လည်ဖွဲ့စည်းပြီး ကလေးကို ရှာဖွေဖို့ အမိန့်ချခဲ့ပါတယ်။