မျောက်ဘုရင်စွန်းဝူခုန်းအနောက်အရပ်ကနေကျမ်းစာပြန်ယူပြီးနောက်ပိုင်းကိုဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဒါကလဲစွန်းဝူခုန်းတစ်ယောက်မက်မွန်းသီးပွဲတော်မှာတက်ပြီးသောင်းကျန်းခဲ့တဲ့ရလာဒ်တစ်ခုပါပဲ။ မက်မွန်သီးပွဲတော်မှာစွန်းဝူခုန်းသောင်းကျန်းခဲ့တဲ့အတွက်ဝူရှန့်ဆိုတဲ့သဏ္ဍာန်မဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာခဲ့တယ်။သဏ္ဍာန်မဲ့မိစ္ဆာဝူရှန့်က လူ့ပြည်မှာဒုက္ခပေးနေတဲ့အတွက်ဘုရားရှင်ဟာစွန်းဝူခုန်းနဲ့မင်းကြီးညီနောင်(၆)ပါးကိုလွှတ်ပြီးတော့နှိမ်နင်းစေခဲ့တယ်။ဒါပေမယ့် ညီနောင်ချင်းသွေးကွဲပြီးတော့ ဝူရှန့်လှည့်စားတာခံလိုက်ရတဲ့အတွက်တိုက်ပွဲမှာရှုံးနိမ့်ပြီး စွန်းဝူခုန်းနဲ့အတူညီနောင်(၆)ပါးရဲ့မူလဝိညာဉ်တွေဟာ ရေခဲထဲမှာချိတ်ပိတ်ခံလိုက်ရပါတယ်။