နုန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဖတ်စ် ဘော်လွန်းဆိုတဲ့ အခြောက်သူငယ်ချင်းနှစ်ယောက်က ထမ်မနာခါနိမစ်ကျောင်းတော်မှာ ဘုန်းကြီးဝတ်ဖို့ ရောက်လာတာကနေ ဒီဇာတ်လမ်းက အစပြုခဲ့ပါတယ်… သူတို့သုံးယောက်က ဒီဘုန်းကြီးကျောင်းရဲ့ ရာဇဝင်ကို မသိပဲရောက်လာခဲ့ကြတာပါ…တကယ်တော့ ဒီကျောင်းမှာ ရှင်လောင်းပြုတဲ့သူတွေဟာ အဲဒီနေ့မှာပဲ အကြောင်းမရှိပဲ သေသေသွားခဲ့ကြတယ်ဆိုတာကိုပေါ့…နုန် ဖတ်စ် ဘော်လွန်းတို့မလာခင် ရှေ့ရှင်လောင်းကလည်း မုခ်ဝမှာ ဆွဲကြိုးချသေသွားခဲ့ပါတယ် ။ ရှင်လောင်းတွေက ဘာကြောင့်သေနေတာလဲ…နုန်တို့သုံးယောက်ရော ဒီအဖြစ်ဆိုးက လွတ်နိုင်ပါ့မလား…ခြောက်ခြားစရာဖြစ်ရပ်တွေ ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ထိုင်းကားလေးတစ်ကားဖြစ်ပါတယ် ။နုန် အဖြစ် August Vachiravit ဖတ်စ် အဖြစ် Vejvongsa Puwadon ဘော်လွန်းအဖြစ် Witthawat Rattanaboonbarameeတို့အပြင်မင်းသမီးချောလေး Jannie Parawie Weigel လည်း ပါဝင်သရုပ်ဆောင်ထားပါတယ် ။