စံကာတင်စာရင်း တစ်ကြိမ်ဝင်ထားတဲ့ ကားလေးမို့ မခေဘူးလို့ပြောလို့ရတဲ့ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးဒါရိုက်တာရင် မင်းသားပါ ပါဝင်ထားတာမို့ သရုပ်ဆောင်ပိုင်းကလည်း ပြောစရာမလိုပါဘူး။ အမြင်မသင့်တော်တဲ့ဇာတ်ကွက်နဲ့ အသုံးအနှုန်းတွေပါတာမို့ အသက်မပြည့်သေးတဲ့သူနဲ့ နှလုံးရောဂါရှိသူတွေ မကြည့်ဖို့တော့ ကြိုအကြံပေးပါရစေ။ ဒါဆို Plot ပိုင်းကိုသွားပါမယ်။ Plot ကတော့ တောင်ကိုရီးယားရဲ့ ကမ်းရိုးတန်းက ကမ်းခြေစောင့်တပ်ဖွဲ့မှာသူလျှိုဖမ်းဖို့ အရူးအမူးဖြစ်နေတဲ့ တပ်သားတစ်ယောက်ရှိပါတယ်။နေ့နေ့ညည သူလျှိုချင်းထပ် ထိုင်အော်နေရာက တစ်ညမှာတော့တားမြစ်နယ်မြေထဲကိုမှ အမူးလွန်ပြီး အာဝါဟာကျတဲ့အတွဲရောက်လာပါရော။ဖြစ်ချင်တော့ ဒီကမဲမဲမြင်ရာပစ်ချင်နေတဲ့ကောင်နဲ့လည်းတိုးရောယောက်ျားလေးဖြစ်သူမှာ အာဝါဟပြီးစတင် သေနတ်စာမိပါလေရော။ဒါကို စိမ်းစိမ်းကြီးမြင်ထားရတဲ့ သူ့ကောင်မလေးမှာလည်း ဟက်ကော့ကြီးရူး။ပစ်လိုက်တဲ့ကိုယ်တွေကောင်ကြီးဆိုတာလည်းသေနတ်အရသာမိပြီး ထရာမာရ။ ဒါ့အပြင်မိန်းမကလည်းပစ် ဂေါက်သွားတော့ တပ်ကလည်းထုတ်နဲ့ပဋာကိုမြေလူးပါလေရော။ ဒါပေမယ့် ဇာတ်လမ်းကခုမှစမှာ ရူးသာရူးတယ်တပ်ရင်းတစ်ခုလုံးကို နာမည်လေးတစ်လုံးနဲ့သုံးပြီးပတ်အာဝါဟဝိဝါဟပြီး အစ်ကိုနဲ့ရန်တိုက်ပေးတဲ့အရူးမနဲ့ တပ်ကိုပြန်ဝင်ဖို့လုပ်ရင်း လက်မခံလို့ သေနတ်ခိုးပြီးကိုယ့်တပ်စုကလူ ကိုယိပြန်သတ်တဲ့အရူး၊ အရူးနှစ်ကောင်ရွှေဉာဏ်တော်စူးရောက်ချက်တွေကိုသေနတ်သံမဆဲကြည့်ရမှာပဲဖြစ်ပါတယ်။