I Miss You HD

I Miss You

Drama Romance HD 2024-03-08 8.3 112 Min

ဇာတ်လမ်းလေးကတော့ ဘဝကိုရိုးရှင်းစွာနဲ့အပူအပင်ကင်းမဲ့ဖြတ်သန်းနေတဲ့ပိုင်ရှောင်ယွီဆိုတဲ့ ကောင်လေးတစ်ယောက်။ငယ်စဉ်တည်းကမိဘတွေစကားများမှုကြောင့်စိတ်ဒဏ်ရာရထားတဲ့ ဝမ်ကျင်းကျင်းဆိုတဲ့မိန်းကလေး။ငယ်စဉ်တည်းက Edgar Allan Poe ဆိုတဲ့သရဲပုံပြင်ကိုရေးတဲ့စာရေးဆရာကို အရူးအမူးကြိုက်နှစ်သက်ကြတယ်။တနေ့အထက်တန်းစာမေးပွဲဖြေတဲ့နေ့မှာကံကြမ္မာဖန်တီးပေးမှုကြောင့်နှစ်ဦးသားတွေ့ဆုံခဲ့တယ်။နှစ်ဦးသားရဲ့ တွေ့ဆုံမှုအစက အလွဲလွဲအချော်ချော်ဖြစ်သွားခဲ့ပေမဲ့ပိုင်ရှောင်ယွီကတော့ဝမ်ကျင်းကျင်းကို မြင်မြင်ချင်းချစ်မိသွားတာပေါ့။တက္ကသိုလ်လေးနှစ်လုံးသူတစ်ယောက်တည်းအတွက် နှလုံးသားတံခါးကိုသော့ခတ်ထားပြီးနေလာခဲ့ရင်းတနေ့မှာ သူမနဲ့ပြန်လည်တွေ့ဆုံခဲ့ကြတယ်။ဒီလိုနဲ့ ပြန်တွေ့ဆုံကြတဲ့အခါနှစ်ယောက်သားအကြိုက်တူနေတာတွေဝေမျှပြီး ပိုပိုနီးစပ်လာတဲ့အခါမှာသူငယ်ချင်းကနေ ရည်စားအဖြစ်တက်လှမ်းကြတဲ့အချိန်ဘယ်လိုမျိုးလေးတွေတွေ့ကြုံလာရမလဲ။ပိုင်ရှောင်ယွီကောင်လေးက ပုံဆွဲဝါသနာပါပေမဲ့ငယ်စဉ်တည်းကမျက်လုံးရောဂါဖြစ်နေတာကြောင့်ပုံဆက်မဆွဲနိုင်တဲ့ ကောင်လေး။ဝမ်ကျင်းကျင်းကစာရေးရတာဝါသနာပါတာကြောင့်စာရေးဆရာမဖြစ်ချင်တဲ့အိပ်မက်ကိုပိုင်ဆိုင်ထားတဲ့ကောင်မလေး။ဒီလူနှစ်ဦးကြားမှာ ကံကြမ္မာကဘယ်လိုတွေဖန်တီးပေးဦးမလဲ။ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့မလဲစတာတွေကိုတော့ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ကြရအောင်