GomBurZa HD

GomBurZa

Drama History HD 2023-12-25 8 110 Min

ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်ကသမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movieတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက်ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင်ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွားစပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြားဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာအရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာငြင်းစရာမရှိပါဘူး…..