Free Willy 3: The Rescue HD

Free Willy 3: The Rescue

Family Adventure HD 1997-08-06 6.2 86 Min

ဒီတစ်ခါတော့ ဂျက်စီလေးဟာ လုံးလုံး လူပျိုပေါက်သွားပါပြီ။ လက်တောက်လောက်ပြဿနာအိုးလေးကတည်းက မြင်လာခဲ့တဲ့ ကောင်ဆိုးလေးကို သန့်သန့်ခန့်ခန့် ၁၆ နှစ် အရွယ်သုတေသနလက်ထောက်လေးအဖြစ် မြင်ရတာဟာ ကြည်နူးစရာပါပဲ။ပင်လယ်ကြီးက အပြောကျယ်တယ်သာဆိုတာ ဂျက်စီနဲ့ ဝီလီတို့ကတော့ ခုလည်း ပြန်တွေ့ကြပြန်ပါပြီ။ဒီတစ်ခါက်မှာတော့ ဝီလီ့မှာရော သတင်းကောင်းတစ်ခု ရှိလို့နေပါတယ်။ ဘယ်လိုအခြေအနေတွေထပ်ကြုံလို့ ဘယ်လိုကယ်တင်ကြရပြန်ဦးမှာလဲ။ အဲ့ဒါတွေကိုတော့ ထုံးစံအတိုင်းပဲ မပြောပြပါဘူး၊ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါ။ဂျက်စီ လူပျိုဖြစ်သွားလို့ ကလေးငယ်လေး မမြင်ရတော့ဘူးဆိုပြီး ဝမ်းနည်းနေမယ့်ပရိတ်သတ်တချို့အတွက်တော့ ဟောဒီ့ Free Willly 3 မှာ ဂျက်စီ့ထက် အပုံကြီး ပိုချစ်ဖို့ကောင်းတဲ့မက်စ်ဆိုတဲ့ မိတ်ဆွေသစ်လေးတစ်ဦးပါဦးမယ့်အကြောင်းကို အကြိုသတင်းပါးလိုက်ပါတယ်။မိတ်ဆွေသစ်ရယ် အန္တရာယ်သစ်ရယ်နဲ့ဝီလီ့ချစ်သူတို့ရဲ့ နှလုံးသားကို ဖမ်းစားဦးမယ့်စွန့်စားခန်းအသစ် ဖွင့်လှစ်လိုက်ပါပြီ။