Set It Up HD

Set It Up

Comedy Romance HD 2018-06-15 6.942 105 Min

Apple TV ရဲ့ လတ်တလောထွက်ရှိထားပြီး Rating 8 လောက်ထိရထားတဲ့ လူကြည့်များနေတဲ့ Crime Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် Batman ကားထဲမှာလည်း Villan Penguin အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး A-tier list အဆင့်ရှိတဲ့ မင်းသားကြီး Colin Farrell က ဦးဆောင်ပါဝင်ထားပါတယ်Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့…ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်….ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ကို အောင်သွယ်တော့တာပဲအောင်သွယ်ရင်းနဲ့မှ သူတို့နှစ်ယောက်ပဲ ချစ်ကြိုက်သွားမလား သူဌေးနှစ်ယောက်ပဲအဆင်ပြေသွားမလား သူတို့ရဲ့အိမ်မက်ကိုကော အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါရှင့်။ဇာတ်လမ်းလေးက ပေါ့ပါးပြီး ရယ်လည်းရယ်ရတယ် ချစ်ဖို့လည်းကောင်းတယ်လူတွေရဲ့သဘာဝအရ အိမ်မက်တွေကို အကောင်အထည်ဖော်ရင်း ဒီအိမ်မက်ယောင်ယောင်ထဲမှာပဲ နှစ်မြုပ်နေတတ်တယ် အဲ့ဒီကနေ ဘယ်လို ပြန်ရုန်းထွက်မလဲ စတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေပါဝင်တဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ Colin Farrel ကို အလွတ်တမ်းစုံထောက် ဂျွန်ရှူးဂါးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်…ရှူးဂါးဟာ စုံထောက်လောက လူပျောက်ရှာတဲ့နေရာမှာ အရမ်းနာမည်ကြီးလွန်းလို့…နိုင်ငံရပ်ခြား အာရှနိုင်ငံတွေက ယာကူဇာဂိုဏ်းသားတွေကအစ ခေါ်သုံးရတဲ့ လူတစ်ယောက်ပါတယ်… အိမ်ထောင်မရှိ ကလေးမရှိ…သီးသန့်ဆန်တဲ့ဘဝနဲ့ နေထိုင်တဲ့ ဂျွန်ရှူးဂါးဟာ အမှုအပ်တဲ့နေရာကိုလိုက်ပြီး ကမ္ဘာပတ်နေရတဲ့လူဖြစ်ပါတယ်…တစ်နေ့မှာ သူငယ်ငယ်က ရုပ်ရှင်တွေမှာ အားကျခဲ့ရတဲ့ မင်းသားကြီး ဂျွန်နသန်ဆီးဂဲလ်ရဲ့ မြေးမဖြစ်သူ အိုလီဗီယာဆီးဂဲလ်ပျောက်ဆုံးမှုကို ကိုင်တွယ်ဖို့ အလုပ်အပ်လာပါတယ်…အမှုကပျင်းစရာကောင်း‌ပေမယ့် ဂျွန်နသန်ဆီးဂဲလ်မျက်နှာကြောင့် မြေးမဖြစ်သူကိုရှာဖွေပေးဖို့ လက်ခံလိုက်ပေမယ့်…တကယ့်စုံစမ်းမှုစတင်တဲ့အခါမှာ ဒီပျောက်ဆုံးမှုက ထင်သလောက် မရိုးရှင်းဘဲ ဆီးဂဲလ်မိသားစုတွေပါ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့ ဂျွန်ရှူးဂါးရဲ့ ဂျိန်းစဘွန်းဆန်ဆန် စွန့်စားခန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်