အပိုင်း ၁ မှာ ကျောင်းသူလေးတွေကို ကူညီပေးပြီး ဘဝကူးသွားတဲ့happy ghost ဟာ ခန်းရှင်းကွေ့အနေနဲ့ ပြန်ဝင်စားခဲ့ပါတယ်။အရင်ဘဝက ကုသိုလ်တွေ လုပ်ခဲ့တဲ့အတွက် ခန်းရှင်းကွေ့ဟာမွေးကတည်းက သဘာဝလွန်အစွမ်းတွေ ရှိနေပါတယ်။ဒါပေမဲ့လည်း အဲ့ဒီ သဘာဝလွန်အစွမ်းတွေကြောင့် သူ့ဘဝက ပိုခက်ခဲနေပါတယ်လေ။ရှန့်ကောင်းကွေ့အမျိုးသမီး အထက်တန်းကျောင်းက ကျောင်းသူလေးတွေဟာယုတ်မာအဖွဲ့ဖွဲ့ထားပြီး စာသင်နှစ်တစ်ခုတည်းအတွင်းမှာဆရာဆရာမ ၇ ယောက် အလုပ်ထွက်သွားအောင် ဆိုးသွမ်းလှတဲ့ကလေးတွေဖြစ်ပါတယ်။ ဘွဲ့ရခါစ ခန်းရှင်းကွေ့ဟာ သူတို့ရဲ့အတန်းပိုင်ဆရာ ဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုအလွှဲမျိုးတွေနဲ့ ရယ်စရာတွေ ဖြစ်မလဲ။ဆိုးသွမ်းလှတဲ့ ကျောင်းသူလေးတွေနဲ့ ခန်းရှင်းကွေ့တစ်ယောက်ကိုယ်အားဉာဏ်အားယှဉ်ပြိုင်ရင်း သံယောဇဉ်ရှိသွားကြတာကိုပရိသတ်တို့ ကြည့်ရှုရယ်မောနိုင်ကြဖို့ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။