HD
Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack
ဒီဇာတ်ကားဟာ အခုချိန်မှာ အကောင်းဆုံးဂေါ်ဇီလာကားတွေထဲကတစ်ကားလို့သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်နေပါပြီ။ဒါရိုက်တာTakashi Yamazaki ကိုယ်တိုင်သူ့အကြိုက်ဆုံးဇာတ်ကားတွေထဲကတစ်ခုလို့ဆိုခဲ့ပြီး သူ့ကိုယ်ပိုင် Godzilla Minus One (2023)အတွက်စိတ်ကူးကွန့်မြူးစေခဲ့တဲ့ကားလည်းဖြစ်တယ်လို့သိရပါတယ်။ဒီကားမှာတော့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး နောက်နှစ်ပေါင်းငါးဆယ်ကျော်မှာ ဂေါ်ဇီလာကြီးကို ဟိုတစ်စ ဒီတစ်စပြန်လည်တွေ့မြင်ရပုံနဲ့အစပျိုးထားပါတယ်။ဒါပေမယ့် ဂေါ်ဇီလာလို့ထင်ရတဲ့ လှုပ်ရှားမှုတိုင်း ဖြစ်စဉ်တိုင်းဟာ ဂေါ်ဇီလာမဟုတ်ပဲနဲ့တစ်ခြားသော ဧရာမသတ္တဝါကြီးတွေပါ ပါဝင်နေပြီး မကြာခင်မှာ သူတို့အားလုံးပေါင်းစုံပြီး ဂေါ်ဇီလာကိုရင်ဆိုင်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။ ခေတ်မှီလက်နက်တွေအပြည့်အစုံရှိပေမယ့် ဘယ်အရာကိုမှမဖြုံတဲ့ ဂေါ်ဇီလာကိုနှိမ်နင်းမယ့်ပွဲမှာ လူတွေကဘယ်လိုအခန်းကဏ္ဍကနေပါဝင်တိုက်ခိုက်ကြမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။