Godzilla Against MechaGodzilla HD

Godzilla Against MechaGodzilla

Action Science Fiction HD 2002-11-02 7.338 88 Min

Japan တွေရဲ့ Godzilla franchise ထဲကမှ လက်ရှိခေတ်နဲ့အနီးစပ်ဆုံးဖြစ်တဲ့ Millennium era ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီကားဟာလည်းထုံးစံအတိုင်း Godzilla filmseries တွေထဲကဇာတ်ကားတိုင်းကိုပယ်ဖျက်ထားပြီး 1954Godzilla တစ်ကားကိုပဲ နောက်ကြောင်းခံထားတာပါ။ directsequel ဖြစ်တဲ့ Godzilla: Tokyo S.O.S လည်းမကြာခင်လာပါ့မယ်။မူလဂေါ်ဇီလာတိုက်ခိုက်မှုအပြီး ၄၅ ခုနှစ်အကြာ ၁၉၉၉ ခုနှစ်မှာ ‌ပြန်ပေါ်လာတဲ့ ဂေါ်ဇီလာရဲ့တိုက်ခိုက်မှုတွေကြောင့် ဂျပန်အစိုးရဟာအခက်တွေ့နေရပါတယ်။ မူလဂေါ်ဇီလာကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့လက်နက်ကလည်း ကမ္ဘာဖျက်လက်နက်ဖြစ်လာမှာစိုးရိမ်လို့လျှို့ဝှက်ချက်တွေကိုသေသည့်အထိ ဖုံးကွယ်သွားခဲ့တဲ့ သိပ္ပံပညာရှင်နဲ့အတူပျောက်ဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက် ဂေါ်ဇီလာကိုရင်ဆိုင်ဖို့အတွက် မူလဂေါ်ဇီလာရဲ့အရိုးတွေကိုအသုံးပြုပြီး ရိုဘော့ဂေါ်ဇီလာတစ်ခု ဖန်တီးပြီး ဂေါ်ဇီလာကိုရင်ဆိုင်ကြပုံကိုရှုစားကြရမှာပါ။