ဒီဖြစ်ရပ်ကိုသတ္တိရှိရဲရင့်ပြီး အသိပညာဗဟုသုတကြွယ်ဝတဲ့ရှဲ့ယောင်ဟွိုင် စုံစမ်းရေးမှူးမလေးက စုံစမ်းဖို့ဖြစ်လာခဲ့တယ်။ရှဲ့ယောင်ဟွိုင်ကတော့တချိန်ကနန်းတော်မှာနန်းတော်အစေခံအဖြစ်ခစားခဲ့ပြီးလက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့ဘုရင်မကသူ့စွမ်းဆောင်ရည်ကြောင့် စုံစမ်းရေးဌာနကိုပို့ခဲ့တယ်။ဒါတင်မကသေးပဲဝူဝေးလူကြီးမင်းအသက်ရှင်စဉ်က စာလုံးမဲ့ကောင်းကင်စာပေကိုပေးခဲ့လိုက်သေးတယ်။အဲ့စာပေထဲမှာ ပါတဲ့အကြောင်းရာတွေကဆုတောင်းပြည့်နန်းဆောင်အမှုနဲ့ ပတ်သက်မှုရှိနေတယ်လို့ယုံကြည်နေတယ်ရှဲ့ယောင်ဟွိုင်တစ်ယောက်။ဒါပေမဲ့လဲ အဲ့စာပေထဲမှာပါတဲ့အကြောင်းရာတွေကိုဖတ်လို့မရလို့အဖြေရှာနေတဲ့သူမ။ တဆင့်ပြီးတဆင့်စုံစမ်းရင်းသဲလွန်စတွေတွေ့ရှိလာခဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ဒီနောက်ကွယ်မှာပါဝင်ပတ်သက်နေသူတွေကဘယ်သူများဖြစ်မလဲ။ ကောင်းကင်စာပေဆိုတာကဘာလဲ။အထဲမှာဘာအကြောင်းရာဘာများဖြစ်နေကြမလဲ စတဲ့မေးခွန်းတွေကိုဒီဇာတ်ကားလေးထဲကနေဖော်ပြသွားမှာဖြစ်တဲ့အတွက်ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်