Ice Cream Fever HD

Ice Cream Fever

Drama Romance HD 2023-07-14 7 104 Min

ချိုချိုအေးအေးရေခဲမုန့်လေးတွေက ပူပူလောင်လောင်အချိန်မှာ ချက်ချင်းခပ်ထည့်ပြီးစားလိုက်ရရင်ရင်ထဲထိအေးချမ်းသွားလောက်အောင် စွမ်းနိုင်ပါတယ် ချက်ချင်းမစားသုံးဘဲ အပူထဲကြားကြားထားလိုက်ရင်အရည်ပျော်ပေပွရုံကလွဲ စားရတာလည်းအရသာမရှိသလို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်အိပ်မက်ဆိုတာလဲ ဒီလိုပါပဲ အိပ်မက်တွေမပိုင်ဆိုင်ရတဲ့ဘဝက နေပူပူမှာ ရေခဲမုန့်အရည်ပျော်သွားတာကို ထိုင်ကြည့်နေရသလိုပါပဲ…ဒီကားထဲမှာ ဆယ်ကျော်သက်ကနေ ၃၀ ဝန်းကျင် အခြေကျအရွယ်ထိအမျိုးသမီးလေးယောက်ရဲ့ အိပ်မက်နဲ့ ဘဝတွေကိုရှုစားရမှာပါရေခဲမုန့်ဆိုင်က ကောင်မလေးနှစ်ယောက် တစ်ယောက်က အိပ်မက်တွေကို စွန့်လွှတ်ထားတဲ့သူ ၊တစ်ယောက်က ဘဝကြီးထဲအချစ်အကြောင်းကိုတောင်မသိသေးတဲ့သူ ၊ အဲဒီရေခဲမုန့်ဆိုင်လေးကိုအမြဲလာအားပေးတဲ့သူက သုံးဆယ်ဝန်းကျင်ဘဝကိုအခြေကျဖို့ စားရေးရင်းကြိုးစားနေတဲ့သူ ၊ရေခဲမုန့်ဆိုင်လေးနားက အများသုံးရေချိုးခန်းမှာတော့ အိပ်မက်တွေအတွက် ကြိုးစားဖို့ အားပြည့်အင်ပြည့်တက်ကြွနေသူ….မတူညီတဲ့ energy တွေနဲ့ ကွဲပြားနေတဲ့သူတို့စရိုက်အိပ်မက်ရှိကြတာချင်းတူတူ အိပ်မက်ဆီကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှောက်လှမ်းကြမလဲဆိုတာရှုစားကြည့်ပါဦး