မင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုချိန်မှာ အသက် 57 နှစ်ဖြစ်နေပါပြီကျွန်တော့်အမြင်ကိုပြောရရင်တော့ A ChineseGhost Story ထွက်ခဲ့တဲ့ ကားတွေမှာ1987 မှာထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့၂ လောက်ကျန်တာဘယ်ကားမှသိပ်မကောင်းဘူးလို့ပဲမြင်ပါတယ်..လူသားကောင်လေးတစ်ယောက်နဲ့တစ္တေမလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ဟာသနှောပြီးရယ်မောဖွယ်ကြည်နူးဖွယ်..နဲ့ ရင်နင့်ဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာလည်းIMDb Rate 7.4 ရရှိခဲ့တာမို့ အများကြီးအထွေအထူးတော့ ပြောနေစရာလိုတော့ဘူးလို့ထင်မြင်ပါတယ်..နင့်ချိုင်ချန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေနယ်တခုကိုလာပြီးတော့ အကြွေးတောင်းတဲ့သူပါ…လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မို့လို့..သူ့အရင် လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီးအရမ်းစိုရွဲသွားလို့ အကြွေးစာရင်းတွေပါ ပျက်စီးသွားခဲ့တယ်..အဲ့တော့ အကြွေးကလည်းတောင်းမရ..လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင်ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘဝထိရောက်သွားပါတယ်..ညဘက် တည်းဖို့ နေရာလိုက်ရှာတော့ချောက်ချ ချင်တဲ့သူတစ်ယောက်ကလန်လော့ဘုရားကျောင်းမှာ တည်းပါလို့ ပြောလိုက်ပါတော့တယ်..တကယ်တော့ လန်လော့ဘုရားကျောင်းဟာ..သရဲတစ္ဆေတွေကြီးစိုးရာ နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ နင့်ချိုင်ချန်တစ်ယောက် အူကြောင်ကြောင်နဲ့ရောက်သွားတဲ့အခါဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး