Godzilla: Tokyo S.O.S. HD

Godzilla: Tokyo S.O.S.

Action Fantasy Science Fiction HD 2003-12-13 6.987 91 Min

အခုတင်ဆက်ပေးနေတဲ့ Millennium era (1999–2004) ဇာတ်ကားတွေကတော့ လက်ရှိ Shin Godzilla 2006 နဲ့ Godzilla Minus One တို့မတိုင်ခင်အခုခေတ်နဲ့အနီးစပ်ဆုံးဇာတ်ကားတွေပါ။ Millennium era ဇာတ်ကားတွေကstandalone ဇာတ်ကားတွေများပြီး 1954 Godzilla တစ်ကားကိုသာ referenceယူလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှတင်ဆက်ပေးပြီးဖြစ်တဲ့ Godzilla AgainstMechagodzilla နဲ့ Godzilla: Tokyo S.O.S တို့သာ ဇာတ်လမ်းချင်းအချိတ်အဆက်ရှိပြီး 1954 Godzilla ကိုသာမက Mothra 1961 ကိုပါ reference ယူထားတာဖြစ်ပါတယ်။အခု Godzilla: Tokyo S.O.S မှာတော့ ရိုဘော့စက်ရုပ်ကြီးဖြစ်တဲ့ Kiryu ကိုဂေါ်ဇီလာနဲ့ရင်ဆိုင်တိုက်ပွဲအပြီးမှာ အနားပေးထားပြီးပြင်ဆင်မှုတွေလုပ်နေပါတယ်။ အဲ့ဒီအချိန်မှာ Mothra ရဲ့အမြွှာနတ်မိမယ်နှစ်ယောက်ဟာ သူတို့ဆီကိုရောက်လာခဲ့ပြီး ဂေါ်ဇီလာစက်ရုပ်ထဲမှာအသုံးပြုထားတဲ့ ဂေါ်ဇီလာအရိုးတွေကို သမုဒ္ဒရာထဲကိုပြန်ပို့ဖို့နဲ့ အဲ့ဒီစက်ရုပ်အစား မိုသရာက ဂေါ်ဇီလာကိုရင်ဆိုင်ပေးမှာဖြစ်တဲ့အကြောင်းပြောလာခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၁ က မိုသရာကိုယ်တိုင် တိုကျိုကိုလာရောက်တိုက်ခိုက်ခဲ့ဖူးတဲ့အဖြစ်ကြောင့် ဝန်ကြီးချုပ်က ငြင်းပယ်ခဲ့ပြီး ဂေါ်ဇီလာကို သုတ်သင်ပြီးတာနဲ့ ဒီပရောဂျက်ကို ရပ်တန့်မှာဖြစ်တယ်လို့တော့ကတိပေးခဲ့ပါတယ်။ ဂေါ်ဇီလာနဲ့ တကယ်တမ်းရင်ဆိုင်ရချိန်မှာ မိုသရာကိုရော Kiryu ကိုပါဂေါ်ဇီလာက အလဲထိုးလိုက်တဲ့အခါမှာတော့..လူသားတွေအတွက် အားကိုးရာ ဘယ်လိုလက်နက်တွေ ဘယ်လိုသတ္တဝါကြီးတွေရဲ့အကူအညီကိုရယူရတော့မလဲဆိုတာကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။