ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ရာဂျာနဲ့ အာမန်တို့ခေါင်းဆောင်တဲ့လူမိုက်အဖွဲ့နှစ်ခုဟာ အမြဲတမ်း တကျက်ကျက်ရန်ဖြစ်နေကြတာပါ။ တွေ့တဲ့နေရာမှာကြုံရာပြဿနာနဲ့ ရန်ဖြစ်နေကြတာမို့လို့ ရွာသားတွေလည်း စိတ်ရှုပ်စိတ်ညစ်ကြရပါတယ်။သူတို့အရှုပ်အထွေးတွေကို ဖြေရှင်းရလွန်းတဲ့ ရွာလူကြီး ဆူလိုင်မန်ဟာ ရူးကြောင်ကြောင်တောင်ဖြစ်နေခဲ့ပါပြီ။သူတို့နှစ်ယောက်ကို ရွာလူကြီးကပြေလည်အောင် လုပ်ပေးခဲ့ပေမယ့် ခြံကိစ္စ မြေကိစ္စ စီးပွားရေးကိစ္စတွေနဲ့ထပ်ပြီးပြဿနာတက်လာခဲ့အခါ ရွာလူကြီးကအကြံတစ်ခုရလာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာတော့ရာဂျာရဲ့သမီးဟာ သူတို့နဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းမတူတဲ့ မလေးရှားနယ်ဖွားတရုတ်ကောင်လေးနဲ့ တက္ကသိုလ်မှာ ချစ်ကြိုက်မိနေပါပြီ။ မိဘတွေက သမီးဖြစ်သူကိုအသိုင်းအဝန်းထဲကသူနဲ့စေ့စပ်ပေးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဘယ်လိုတွေလွဲကြချော်ကြဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်ပေးကြပါဦး။