ကြည့်ရှုသူပရိတ်သတ်ကြီးကို…rating 7/10 အထိရရှိထားတဲ့ Curious Caterer Failed Plans ဆိုတဲ့၂၀၂၄ ခုနှစ်ကမှထွက်ရှိထားတဲ့ စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကိုဒါရိုက်တာ Paul Ziller ကပုံဖော်ရိုက်ကူးထားပြီး မင်းသား Riley Davis , Lochlyn Munro ,Vincent Gale , Ted Cole ,Andrew Kavadas တို့နဲ့နာမည်ကျော်မင်းသမီးတွေဖြစ်ကြတဲ့ Jaleese Green ,Nikki Deloach တို့ကပါ၀င်အားဖြည့်သရုပ်ဆောင်ထားကြပါတယ်ဒီဇာတ်လမ်းမှာ အထူးသီးသန့်ဧည့်သည်တော်တွေပဲဖိတ်ကြားထားတဲ့ ပရဟိတရန်ပုံငွေပွဲမှာ ဟိုက်ဒ်ရဲတိုက်ရဲ့ပိုင်ရှင် အဲလက်စ်တာအသတ်ခံရသောကြောင့်စုံစမ်းစစ်ဆေးဖော်ထုတ်ကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်ဒီဇာတ်ကားကဇာတ်ညွှန်းရေးဆရာတွေရဲ့…မြှပ်ကွက်လှည့်ကွက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ကိုထိုင်ရာကနေမထချင်လောက်အောင် စွဲဆောင်ထားနိုင်မှာအသေအချာပါပဲ လူသတ်တရားခံကရောဘယ်သူဖြစ်မလဲသူ့ရဲ့လက်ထောက် အမ်မာဆိုတဲ့ကောင်မလေးလားရန်ပုံငွေပွဲကျင်းပတဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မီဟေဗန်အကျဥ်းထောင်ကနေ ထောင်ဖောက်ပြီးထွက်ပြေးလာတဲ့ အန်မတ်ဒ်ရှောဆိုတဲ့ ရာဇ၀တ်သားတစ်ယောက်လား သူနဲ့ကရော အဲလက်စ်တာနဲ့အတိတ်မှာဘယ်လိုပတ်သက်မှုတွေရှိခဲ့ကြတာလဲ ဒါမှမဟုတ် အဲလက်စ်တာကလူရှေ့မှာပြောဆိုပြီး နည်းပြရာထူးကနေ အနားပေးလိုက်တော့မယ့်ပီယာ့ဆိုတဲ့နည်းပြဆရာလား ဒါမှမဟုတ် အဲလက်စ်တာကိုယ်တိုင်ခန့်ထားတဲ့ မီဟေဗန်အကျဥ်းထောင်မှာ ထောင်ကျဖူးတဲ့ချာလီဆိုတဲ့ထောင်ထွက်တစ်ယောက်လား ဒါမှမဟုတ် ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေထဲမှာမပါ၀င်ဘဲရောက်လာခဲ့တဲ့ ဂျာ့ဆိုတဲ့သူလားအဲလက်စ်တာကိုသတ်ချင်တယ်လို့ မကြာခဏကြုံးဝါးနေတဲ့သူ့ရဲ့ငွေထိန်း ကလောက်စ်ဆိုတဲ့ သူလားလူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကိုကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ရှုဖော်ထုတ်ပေးလိုက်ပါဦး ဒီဇာတ်ကား Crime ,Mystery & Drama အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေ လက်မလွတ်စတမ်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်