အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီတစ်ခုရဲ့ဥက္ကဌဖြစ်တာမကြာသေး ကုမ္ပဏီဒေဝါလီခံလိုက်ရတဲ့ ……ချီဖေးကုမ္ပဏီလည်ပတ်နိုင်ဖို့ကြံရာမရဖြစ်နေတဲ့အချိန်မှာဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးတစ်ခုကိုရှာတွေ့သွားခဲ့တယ်။အဲဒီလိုနဲ့ကျွန်းနိုင်ငံလေးတစ်ခုကိုရောက်လာခဲ့တယ်။ တကယ်တော့ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးဆိုတာခရီးသွားတွေကိုလိမ်စားနေတဲ့ လူလိမ်၂ယောက်ရဲ့ ပိုက်ဆံလိမ်ချင်တဲ့အကြံမှန်း သူမသိခဲ့ဘူး။လူလိမ်တွေဖန်တီးထားတဲ့ သူဌေးရစ်ချက်ဟာ မှောင်ခိုအရောင်းအဝယ်တွေကိုနောက်ကွယ်ကနေချုပ်ကိုင်နေတဲ့ ရစ်ချက်နဲ့နာမည်သွားတူနေတော့သူတို့(၃)ယောက်ဟာ မှောင်ခိုစိန်ရောင်းဝယ်မှုထဲပါသွားခဲ့တဲ့အခါအလွဲအလွဲအချော်ချော်တွေကြားမှာ ဆက်လွဲရင်းအခက်အခဲတွေဖြေရှင်းသွားတဲ့ပုံကို ရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။