Once Upon a Forest FHD

Once Upon a Forest

Family Adventure Animation FHD 1993-06-18 6.6 71 Min

ဖြူကောင်လေးရက်ဆယ်လ်ရယ်၊ ကြွက်မလေးအဘီဂေးလ်ရယ်၊ပွေးကောင်လေးအက်ဒ်ဂါရယ်၊ ခွေးတူဝက်တူလေးမစ်ရှယ်လ်ရယ်က ဒက်ပယ်ဝုဒ်မှာနေကြတဲ့တောကောင်လေးတွေပေါ့။ မစ်ရှယ်လ်ရဲ့ဦးလေး ကော်နီးလီးယပ်စ်ဆီမှာ သူတို့အတူတူ ပညာသင်ယူနေသတဲ့။Once Upon a Forest (1993)====================IMDb Rating – 6.4/10ဖြူကောင်လေးရက်ဆယ်လ်ရယ်၊ ကြွက်မလေးအဘီဂေးလ်ရယ်၊ပွေးကောင်လေးအက်ဒ်ဂါရယ်၊ ခွေးတူဝက်တူလေးမစ်ရှယ်လ်ရယ်က ဒက်ပယ်ဝုဒ်မှာနေကြတဲ့တောကောင်လေးတွေပေါ့။ မစ်ရှယ်လ်ရဲ့ဦးလေး ကော်နီးလီးယပ်စ်ဆီမှာ သူတို့အတူတူ ပညာသင်ယူနေကြသတဲ့။တစ်နေ့တော့ သူတို့နေတဲ့ဆီမှာ အဆိပ်ဓာတ်ငွေ့တွေရောက်လာပြီးတောကောင်လေးတွေအကုန် ဒုက္ခရောက်ကြတာပေါ့။ မစ်ရှယ်လ်လည်း အဆိပ်ဓာတ်ငွေ့တွေရှူမိပြီး မေ့လဲသွားရှာတယ်။ အဲဒါကြောင့်သူတို့သူငယ်ချင်းကိုကယ်ဖို့ ရက်ဆယ်လ်တို့သုံးယောက် ဆေးပင်ရှာတဲ့စွန့်စားခန်းကြီးဖွင့်ရတော့တာပေါ့။ လူသားတွေကြောင့် တောကောင်လေးတွေ ဒုက္ခရောက်ရပုံတွေ၊ ရက်ဆယ်လ်တို့သူငယ်ချင်းတစ်စုရဲ့သတ္တိရှိရှိနဲ့ ဆေးပင်ရှာပုံတော်ဖွင့်ခန်းကို ကြည့်ရှုလိုက်ကြပါဦး။