adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့လူမှုဘဝမှာ ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင်ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာကရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ပေါက်ဖွားလာတဲ့လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့အချစ်တစ်ခုရဲ့အဆုံးသတ်က ဘာဖြစ်မလဲ။တတိယဇာတ်လမ်းမှာတော့ အချစ်နဲ့တဏှာဟာ မတူပါဘူးဆိုပြီး တွင်တွင်ပြောနေသူတွေရောကိုယ့်အလှည့်ရောက်လာတော့ လက်ခံနိုင်မလား။နောက်ဆုံးအနေနဲ့ Deepအဖြစ်ဆုံး အိမ်ထောင်ရေးပြဿနာလေးဖြစ်တဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေးတစ်ခုရဲ့ဓားစာခံဖြစ်တဲ့ သားသမီးတွေအပေါ်သက်ရောက်မှုတွေကို ကြည့်ရှုရမှာပါ။အကြောင်းအရာကတော့deepဖြစ်ပေမဲ့ ဟာသလေးနှောပြီးတင်ဆက်ထားတာမလို့ ကြည့်ပျော်ရှုပျော်ဖြစ်သလိုပညာလည်းရမယ့် အတွေးလည်းရမယ့်ဇာတ်လမ်းလေးဖြစ်တာမလို့ ရှုစားဖို့ တင်ဆက်ပေးလိုက်ရပါတယ်။