End of the World HD

End of the World

Action Adventure Science Fiction HD 2018-12-20 4.3 88 Min

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကိုဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်းအမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ(၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်းအပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာသဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကိုသဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီးသူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့်solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။