“နယ်ပယ်အသီးသီးက နာမည်ကြီး အနုပညာရှင် ကစားသမား၁၂ယောက် ပါဝင်ပြီး ဆုကြေးငွေ ဝမ် ၅၀၀မီလီယံအထိ ရရှိနိုင်မဲ့ ကစားပွဲ”NF ရဲ့ နာမည်ကြီးရှိုးတွေထဲက တစ်ခုဖြစ်တဲ့ဒီ The Devil’s Plan ဆိုတဲ့ Game Show မှာတော့အဓိက ကစားပွဲနဲ့ ဆုကြေး ကစားပွဲဆိုပြီး ကစားပွဲ နှစ်မျိုးပါဝင်ပါတယ်။ကစားသမား တစ်ယောက်ချင်းစီတိုင်းကို Piece တစ်ခုစီ ပေးထားပြီးတော့ဒီ Piece တွေကို အချင်းချင်း အလဲအထပ်လုပ်လို့ရသလိုGameအတွက် အကျိုးရှိမဲ့နေရာမှာလည်း အသုံးချလို့ရပါတယ်။Piece တစ်ခုမှ မရှိတော့တဲ့ ကစားသမားကတော့ ထုတ်ပယ်ခံရမှာ ဖြစ်ပြီးအဓိက ကစားပွဲနဲ့ ဆုကြေး ကစားပွဲကနေတဆင့် Piece တွေကို ရရှိနိုင်သလိုဆုံးရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ပြစ်ဒဏ်အနေနဲ့ကတော့ အဓိက ကစားပွဲကို ယှဉ်ပြိုင်လို့ အပြီးမှာPiece အနည်းဆုံး ပိုင်ဆိုင်ထားတဲ့ ကစားသမား ၂ဦးက အကျဉ်းချခံရမှာ ဖြစ်ပါတယ်။ပူးပေါင်းယှဉ်ပြိုင်ကစားရမဲ့ ဆုကြေး ကစားပွဲမှာတော့ဉာဏ်ရည်ကို စမ်းသပ်တဲ့ ဂိမ်းအမျိုးအစားတွေအပြင်Board ဂိမ်း၊ Card ဂိမ်းနဲ့၊ စိတ်ပိုင်းဆိုင်ရာဂိမ်းတွေကိုစိန်ခေါ်ကစားကြရမှာ ဖြစ်ပါတယ်။ဒီတော့ ကစားပွဲ တစ်ခုချင်းစီတိုင်းက မတူညီတဲ့ ရသတစ်ခုစီကိုပေးစွမ်းသွားမှာ ဖြစ်သလို ကစားသမားတွေကိုလည်းဦးနှောက်ကို ဘယ်လိုသုံးပြီး လှလှပပ ကစားသွားမလဲဆိုတာကိုရှုစားလိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။