The Acolyte FHD

The Acolyte

Mystery Sci-Fi & Fantasy FHD 2024-06-04 5.9

ဒစ္စနေးကနေ ထုတ်လုပ်တဲ့ စတားဝေါ ဇာတ်လမ်းတွဲအသစ်လာပါပြီ။ဒီဇာတ်လမ်းကတော့ The High Republic ဆိုတဲ့ ဂျဒိုင်းတွေ ဘုန်းမီးနေလ တောက်ပနေတဲ့ ပြည်ထောင်စုခေတ်ကို အခြေတည်ထားတာပါ။ Skywalker Saga ဆိုတဲ့ ပင်မ စတားဝေါ ရုပ်ရှင်တွေ မစခင် နှစ် ၅၀-၁၀၀ လောက်က ခေတ်ပဲဖြစ်ပါတယ်။ အက်ရှင်အသားပေးဖြစ်ပြီး ရိုက်ချက်နဲ့ဇာတ်လမ်းတွေ စိတ်ဝင်စားဖို့ကောင်းပါတယ်။မာစတာယိုးဒါးကတော့ Skywalker Saga မှာ အသက် ၉၀၀ ကျော်နေပြီမို့ The High Republic ခေတ်မှာလည်း ရှိနေတာ သေချာပါတယ်။ ဘယ်လိုပုံနဲ့ပါလာမလဲတော့မသိသေးပါဘူး။ဇာတ်လမ်းအကျဉ်းဂျဒိုင်းအဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး စက်ပြင်ဆရာလုပ်နေတဲ့ အိုရှာဆိုတဲ့မိန်းကလေးဟာ တစ်နေ့မှာ မာစတာ အင်ဒါရာကို လုပ်ကြံမှုနဲ့အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ သူလုပ်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့ သေသွားပြီးထင်တဲ့ အမွှာအစ်မက လုပ်တာဖြစ်နေပါတယ်။ အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်က အကြံကြီးတွေကို ဘယ်လိုဆက်ဖြေရှင်းကြမလဲ ကြည့်ရမှာပါ။စီစန် ၁ မှာတော့ အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပြီး ပထမအပတ်မှာ ၂ပိုင်းနဲ့ ကျန်အပိုင်းတွေက တစ်ပတ်ကိုတစ်ပိုင်းနှုန်းထွက်မှာဖြစ်ပါတယ်….ကျန်အပိုင်းများကိုလည်း အချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးသွားပါ့မယ်……