Thriller Criminal series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပါပဲ ဆာရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက် သေဆုံးသွားတဲ့ အမှုနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ဖွဲ့လုံး ဒုက္ခရောက်ရတဲ့ ဇာတ်အိမ်ကို အခြေတည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆာရာရဲ့ သေဆုံးမှုက မတော်တဆဖြစ်ရပ်လို့ အများက ထင်ကြေးပေးနေကြချိန်မှာ သူ့အစ်ကိုအရင်းက သူသတ်ပါတယ်လို့ ဝန်ခံပြီး ထောင်ဒဏ် အနှစ် ၃၀ ကျခံသွားပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဲဒီလောက်မရိုးရှင်းပါဘူး။