Healer힐러 FHD

Healer힐러

မင်းသား Ji Chang Wook နဲ့ မင်းသမီး Park Min Young တို့ပါဝင်သရုပ်ဆောင်ထားတဲ့Healer ဇာတ်လမ်းတွဲဟာ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး On Air ပြသစဉ်ကပရိတ်သတ်တွေကိုရင်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်အခုတဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအမျိုးအစားကတော့ Action နဲ့ Romance ပေါ့အညွန်းလေးကတော့ Seo Jung-hoo ( Ji Chang Wook ) ဟာ ကိုယ်ခံပညာကိုကောင်းစွာတတ်ကျွမ်းပြီး Healer ဆိုတဲ့လူတစ်ယောက်အဖြစ်ကြေးစားအနေနဲ့ မြေအောက်လောကမှာ ပါဝင်အလုပ်လုပ်နေတဲ့သူတစ်ဦးပေါ့သူ့နောက်ကွယ်မှာတော့ သူ့ကိုအမြဲတမ်း အလုပ်ရှာပေးတဲ့အမျိုးသမီးကြီးတစ်ဦးရှိပါတယ် Chae Young-shin ( Park Min Young ) ကတော့သတင်းထောက်လေးတဦး ..မိမိလိုက်ရမယ့်သတင်းဆိုရင် အခက်အခဲကြားကနေဘယ်လိုလိုက်ရလိုက်ရ စွန့်စားတတ်တဲ့ကောင်မလေး..အဲ့လိုမျိုးကြောင့်လည်းမကြာခန အန္တရာယ်လေးတွေကြုံရတတ်တာပေါ့ တနေ့မှာ Healer တစ်ယောက်သူ့ရဲ့အလုပ်ကိစ္စတခုကြောင့် သတင်းထောက်မလေးအနားကိုရောက်အောင်ကြိုးစားရပါတော့တယ် ဒီလိုကြိုးစားတဲ့နေရာမှာလည်းအူကြောင်ကြောင်ငတုံးလေးပုံစံဖမ်းပြီး အနားကိုရောက်ဖို့ကြိုးစားပါတယ်ဒီလိုနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ healer ကိုရော ရိပ်မိသွားမလားသတင်းထောက်မလေးနဲ့ သူတို့၂ယောက်ရဲ့အတိတ်က ပတ်သတ်ဆက်နွယ်မှုဆိုတာတွေရောဘာဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်