ဘဏ်ကာစတမ်မာတစ်ယောက်ချင်းဆီကနေအကြွေစေ့တစ်စေ့ချင်းဆီခိုးပြီး ချမ်းသာခဲ့ပေမဲ့ကြွားချင်ဝါချင်တဲ့ စိတ်ကလေးကြောင့်ဖမ်းဆီးခံလိုက်ရတဲ့ မလေးရှားငတက်ပြားကြီးအီမန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့မလေးရုပ်သံစီးရီးလေးကို တင်ဆက်ပေးပါရစေ။ကောလိပ်ကျောင်းသားဘ၀မှာကတည်းကကျောင်းဆာဗာတွေကို ဟက်ခ်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဟက်ကာလေး အီမန်ကောလိပ်မပြီးခင် ကျောင်းထုတ်ခံလိုက်ရတယ်။ဘာဘွဲ့လက်မှတ်မှမရှိတဲ့အတွက် ဘဏ်တစ်ခုမှာငွေသွင်းငွေထုတ်ဝန်ထမ်းတစ်ယောက်အဖြစ်လုပ်ကိုင်နေပေမဲ့ နှစ်နှစ်ကြာတဲ့ထိရာထူးတိုးမခံရပါဘူး။ဒါပေမဲ့ ချစ်ရတဲ့ ဆိုက်ဘာလုံခြုံရေးခေါင်းဆောင်ငယ်သူငယ်ချင်းမလေးဘေးမှာ အတူရှိခွင့်ရတဲ့အတွက်သူ့ဘ၀သူ ကျေနပ်နေခဲ့တယ်။ကံဆိုးချင်တော့ တစ်နေ့ အဖေဖြစ်သူနှလုံးဖောက်လို့ဆေးရုံတင်လိုက်ရတာကအစ ခွဲစိတ်ဖို့အတွက်ပိုက်ဆံလိုလာခဲ့ပါတယ်။ဒီကြားထဲ အဖေဖြစ်သူရဲ့ အကြွေးရှင်လူမိုက်ကြီးတွေကပါအကြွေးပြန်ဆပ်ဖို့ အသက်အန္တရာယ်ထိရန်ရှာလာတဲ့အခါ။အီမန်တစ်ယောက် သူအလုပ်လုပ်နေတဲ့ဘဏ်ကိုပဲအန္တရာယ်အကင်းဆုံးနည်းနဲ့ ဟက်ခ်ဖို့ကြံရာကစပြဿနာတောထဲ ဘယ်လိုတိုးဝင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။