Scandal스캔들 FHD

Scandal스캔들

Unknown FHD 2024-06-17 8.3

ပူရလောင်ရတဲ့ ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်စားချေရင်း မြိုင်မြိုင်ဆိုင်ဆိုင် ပူလောင်ရမဲ့ ဇာတ်ကားလေး လာပါပြီ။ဒီဇာတ်ကားမှာတော့ ကေဒရာမာ ပရိသတ်ကြီးတို့ သိကြတဲ့ မင်းသမီး Han Chae-Young၊Han Bo-Reum နဲ့ မင်းသား Choi Woong တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ –မွန်း​ဂျောင်အင် (Han Chae-Young) ဆိုတဲ့အမျိုးသမီးကအရမ်းရည်မှန်းချက်ကြီးသလို အောင်မြင်မှုအတွက်သာဆိုဘာမဆိုလုပ်နိုင်တဲ့သူဖြစ်တဲ့အလျောက် ငွေမျက်နှာတစ်ခုတည်းနဲ့ဆရာဝန်ဘဲ့ဒုံဟိုကို လက်ထပ်ကာ ဘဲ့ဒုံဟိုရဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူပြီး သူ့ကို ရက်စက်စွာ ထားပစ်ခဲ့သူပါ။အဲဒီနောက် မွန်း​ဂျောင်အင်က ဒရာမာတွေကို ရိုက်ကူးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့သူဌေးတစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဘဲ့ဒုံဟို မှာကလည်း သူ့ရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ ဘဲ့​ဆောအာ(Han Bo-Reum) ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမဲ့ မွန်း​ဂျောင်အင်ကြောင့်သူမက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရသူပါ။ဘဲ့​ဆောအာက မိဘမဲ့ဂေဟာမှာ သူနဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ ​ဆောဂျင်ဟို (Choi Woong)ဆိုတဲ့ ကောင်လေးနဲ့ ချစ်ကျွမ်းဝင်ပြီးလက်ထပ်ဖို့အထိ စီစဉ်ခဲ့‌ကြပေမဲ့ မင်းသားဖြစ်ချင်တဲ့ ​ဆောဂျင်ဟိုကတော့ မွန်း​ဂျောင်အင်နဲ့ တွေ့ဆုံပြီး လက်ထပ်ပွဲကိုပေါ်မလာဘဲ ပျောက်ကွယ်သွားပြီးနောက် ​ဂျောင်ဝူဂျင်းဆိုတဲ့နာမည်နဲ့မင်းသားတစ်ယောက်အဖြစ် ပြန်လည်ထွက်ပေါ်လာပါတော့တယ်။ဘဝမှာ ဒုက္ခပင်လယ်ဝေနေတဲ့ ဘဲ့​ဆောအာတစ်ယောက်အောင်မြင်တဲ့ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်လာတဲ့အခါမိထွေးဖြစ်သူနဲ့ ချစ်သူဖြစ်ခဲ့တဲ့ သူနှစ်ယောက်ကို ဘယ်လိုတွေလက်စားချေသွားမှာလဲဆိုတာကို အပိုင်း (၁၀၁) ပိုင်းတောင်ရှိတဲ့အတွက်အားရပါးရ လောင်ရင်းကြည့်ရှုသွားရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။