ဘာဟူဘာလီရုပ်ရှင်တွဲတွေရဲ့ official prequel လို့ပြောလို့ရတဲ့IMDb 7.8/10 ရ Animated series လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီစီးရီးဟာ Animated ဖြစ်တယ်ဆိုပေမဲ့ Animation တွေ တော်တော်လေးမဆိုးတဲ့အပြငတ်လမ်းဇာတ်ကွက်လည်း ကောင်းမွန်တာကြောင့် ဘက်ဂျက်ကောင်းကောင်းသုံးပြီးသာရုပ်ရှင်ရိုက်ခဲ့ရင် စံချိန်တွေတသီကြီးချိုးဦးမယ့်ရုပ်ရှင်တစ်ခုဖြစ်မှာအမှန်ပါပဲ။ဇာတ်လမ်းကတော့ Bahubali 1 ထဲက ကာလက်ကန်စစ်ပွဲကြီးမဖြစ်ခင်ကြားကာလမှာမိစ္ဆာဘုရင်ဆိုတဲ့ ထူးဆန်းတဲ့လူကြီးက ကာလက်ကန်တွေကို လက်နက်ဆန်းတွေ၊နည်းဗျူဟာအကြံဉာဏ်တွေပေးပြီး မာဟစ်မာတီတိုင်းပြည်ကို သိမ်းပိုက်ဖို့ကြိုးစားနေပါတယ်။အဲဒီ မိစ္ဆာဘုရင်နဲ့ တိုက်ခိုက်ကြရင်း ဘာဟူဘာလီပျောက်ဆုံးသွားခဲ့ပြီး အဲဒီအတွက် ကပ်တာပါလည်းနယ်နှင်ဒဏ်ပေးခံလိုက်ရကာ မိစ္ဆာဘုရင်ကို တကွဲတပြားရင်ဆိုင်ကြရဖို့ ဖြစ်လာပါတော့တယ်။ကာလက်ကန်တိုက်ပွဲပြီးမတိုင်ခင်က မာဟစ််မာတီ တိုင်းပြည်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ပြည်သူတွေကမင်းသားငယ်ဘာဟူဘာလီကို ဘာလို့ပိုပြီးမေတ္တာရှိကြတာလဲဆိုတာကို ဒီစီးရီးထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။