Legend Of The Blue Sea푸른 바다의 전설 FHD

Legend Of The Blue Sea푸른 바다의 전설

Comedy Drama Sci-Fi & Fantasy FHD 2016-11-16 7.422

၁၅၈၆ ခုနှစ် မှာ ရွာတစ်ရွာမှာမုန်တိုင်းအသည်းအသန်ကျပြီးတဲ့နောက်ပင်လယ်ပြင်ကနေ ရေသူမ မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ဟာမုန်တိုင်းကြောင့် သောင်တင်ခဲ့ပါတယ်..ရွာအုပ်ချုပ်သူက ဖမ်းဆီးထားခဲ့ပြီးအသစ်ရောက်လာတဲ့ မြို့တော်ဝန်ကိုဝင့်ကြွားစွာပြသချိန်မှာတော့မြို့တော်ဝန်ဟာသနားပြီး ရေသူမ ကို ပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ်မြို့တော်ဝန်ရဲ့လက်က အထိန်းအမှတ် ကျောက်စိမ်းလေးကိုရေသူမကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်နောက်ထပ်နှစ်ပေါင်း 430 ကြာတဲ့အခါမှာတော့အဲ့ရေသူမလေးဟာမုန်တိုင်းကြောင့်ပဲ ကုန်းမြေပြင်ပေါ်မှာနောက်တစ်ခေါက်သောင်တင်လာပြန်ပါတော့တယ်ဗိုက်ကလည်းဆာဆာနဲ့တွေ့တဲ့ဟိုတယ်အခန်းထဲခိုးဝင်ပြီးအစားအသောက်တွေခိုးစားခဲ့တယ်..ဖြစ်ချင်တော့အဲ့အခန်းမှာတည်းနေတဲ့သူက ဆိုးလ်မြို့ကနေခဏလာရောက်အနားယူနေတဲ့ မျက်လှည့်ပညာရှင်စိတ်ညို့ပညာရှင် တစ်ဦးပါ တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ မြို့တော်ဝန်လေး ဒန်ယောင်းလူဝင်စားတဲ့သူပေါ့ ..သူဟာ ရေသူမလေးကို ရဲလက်အပ်လိုက်ပေမယ့်သနားစိတ်လေးကတော့ရှိခဲ့တယ်..ပိုပြီးစိတ်ဝင်စားစေတာကရေသူမလေးလက်ကလက်ကောက်ကိုမြင်လိုက်ရတော့နောက်ကြောင်းစုံစမ်းတဲ့အခါ နှစ်ပေါင်း 400 ကျော်သက်တမ်းကြာပြီး ဒေါ်လာ 6သောင်းလောက်တန်တယ်ဆိုတာကိုသိရတဲ့အခါရေသူမလေးကိုပြန်ရှာပြီး ကြင်နာစွာဆက်ဆံပါတော့တယ်ဒီလိုနဲ့သူတို့တွေဘာတွေဆက်ဖြစ်မလဲဒန်ယောင်းကရောဘ၀ဟောင်းကိုမှတ်မိပါ့မလား.ရေသူမလေးကရောသူ့ကိုမှတ်မိပါ့မလား..ကမ္ဘာပေါ်ကိုရောက်လာတဲ့ရေသူမလေးနောက်ဆုံးမျိုးဆက်လေးဟာလည်းလူတွေနဲ့အတူနေထိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပါ