ဇာတ်အိမ်ခိုင်ခိုင်၊ ဘတ်ဂျတ်တောင့်တောင့်နဲ့ တစ်ခမ်းတစ်နားရိုက်ထားပြီး ဆယ့်ရှစ်အပေါင်းတွေလဲ အများကြီးပါတဲ့ HBOရဲ့ စီးရီးကို ပြောပါဆိုရင် တစ်ရာမှာ တစ်ရာ့တစ်ယောက်က Game Of Thronesလို့ပဲ ဖြေကြမှာ သေချာပါတယ်။ ဒါပေမယ့် HBOကပဲ လွှင့်ခဲ့ပြီး တစ်ပိုင်းကို ဒေါ်လာဆယ်သန်း အကုန်ကျခံရိုက်ထားတဲ့ Rome စီးရီးကိုလဲ မေ့မထားသင့်ပါဘူး။ GOTလို fantasyစီးရီးတော့ မဟုတ်ဘူးပေါ့ဗျာ ။ ရောမခေတ် စစ်သမိုင်း နောက်ခံ ဖြစ်ရပ်မှန်စီးရီးဖြစ်ပြီးတော့ ဇာတ်အိမ်ခိုင်ခိုင်ကို big budgetသုံးရိုက်ထားတာမို့ ကြည့်ရတာ တန်လွန်းလှပါတယ်။