Kung Fu Panda: The Dragon Knight FHD

Kung Fu Panda: The Dragon Knight

ကွန်ဖူးပန်ဒါ ကာတွန်းစီးရီးထွက်လာပါပြီ။ ကာတွန်းရုပ်ရှင်လိုပဲ ရုပ်ထွက်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်လို့ တဝကြီးကြည့်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ ကလောက်စ်နဲ့ ဗရူကာဆိုတဲ့ ဖျံလူဆိုးနှစ်ကောင်ဟာ တရုတ်ပြည်ရဲ့ အစွမ်းထက်တဲ့ ရှေးဟောင်းလက်နက် ဝူကောင်းလက်အိတ်ကို လာလုပါတယ်။ အဲဒါကို နဂါးဆရာသခင် ပိုက တားဆီးရင်နဲ့ ထုံးစံအတိုင်း တလွဲတွေဖြစ် ရွာပါပျက်စီးပြီး လက်အိတ်လည်းပါသွားပါတယ်။ ဒါကြောင့် မင်းကြီးက ပို့ဆီက နဂါးဆရာသခင်ဘွဲ့ကို ရုတ်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။