Alice နဲ့ Police university တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Hwang Seung In ရဲ့ ကားသစ်လေးကို တင်ဆက်ပေးသွားမှာပါ။ တစ်ကောင်ကြွက် ကောင်မလေး Cha Ji Min တစ်ယောက် မဂ္ဂဇင်းတိုက်တစ်ခုမှာ ပြည်တွင်းသတင်းထောက်အနေနဲ့ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေရင်း ရုတ်တရက် အဲဒီမဂ္ဂဇင်းတိုက်က ပိတ်သိမ်းခံလိုက်ရပါတယ်။ အဲဒီနောက် ပင်မကုမ္ပဏီလက်အောက်ခံ ဒီဂျစ်တယ်မဂ္ဂဇင်းဖြစ်တဲ့ “New Normal Zine” မှာ အယ်ဒီတာအဖြစ်နဲ့ အလုပ်ဆက်လုပ်ဖြစ်ခဲ့ပါတယ်။