အခု ဒီ Version မှာဆိုရင်တော့ ပေါင်ချိန် ဘယ်လိုစတင်ပြီးမွေးဖွားလာတယ် ပေါင်ချိန်ရဲ့ မူရင်းဘဝ အပြင် အောက်ခြေကနေ တဖြည်းဖြည်းတက်လာပြီး ပြည်သူချစ်တဲ့အမတ်တစ်ယောက်အဖြစ်ရော ဘုရင်မင်းမြတ်အားကိုးရတဲ့ အမတ်တစ်ယောက်ဖြစ်လာပုံတွေ ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ် ဒါ့အပြင် ပေါင်ချိန်ရဲ့လက်ရုံးတွေဖြစ်ကြတဲ့ ကုန်းစွန်းချဲ့ .. တောင်ပိုင်းသူရဲကောင်းကျန်ကျောင်း ၊ ဝမ်ချောင် မာဟန့် ကျန်းလုံ ကျောက်ဟူ အစရှိတဲ့ ရဲမက်တွေနဲ့စတင်တွေ့ဆုံတဲ့ Origin လည်းပါတာဖြစ်တဲ့အတွက်ကြောင့် ကြည့်ရမယ့်သူတွေလည်း စိတ်ကျေနပ်မှုရရှိမှာပဲဖြစ်ပါတယ်