Vagabond배가본드 FHD

Vagabond배가본드

Drama Mystery Action & Adventure FHD 2019-09-20 8.276

ကိုရီးယားနာမည်ကြီး သရုပ်ဆောင် လီဆောင်းဂီ နဲ့ ဘယ်ဆူဇီ တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင် စပိုင် စီးရီး‌လေး လာပါပြီ…..အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်…သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကိုခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်…သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင်အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်..သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကြီးသေဆုံးသွားတယ်..ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာ မော်ရိုကိုကို သလိုက်သွားတယ်…သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာမတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကိုမမျှော်လင့်ဘဲ သူသိလိုက်ရတယ်…အဲ့ဒီနောက်မှာတော့…..သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်..မင်းသားဖြစ်တဲ့လီဆောင်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက်ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်…ပရိသတ်အချစ်တော် မင်းသမီး ဘယ်ဆူဇီကတော့ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့သရုပ်ဆောင်ထားပါတယ်….ဒီဇာတ်လမ်းတွဲဟာ (၁၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာနဲ့ စနေနေ့ညများမှာထုတ်လွှင့်သွားမှာဖြစ်ပါတယ်….