Pied Piper피리부는 사나이 FHD

Pied Piper피리부는 사나이

Action & Adventure FHD 2016-03-07 6.8

ဒီစီးရီးလေးမှာဆိုရင် အခက်ခဲဆုံးအမှုတွေဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဓားစာခံဖမ်းဆီးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလိုအမှုမျိုးတွေကိုအင်အားသုံးပြီး လက်နက်နဲ့မဟုတ်ဘဲ စကားလုံးတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းရတဲ့ရဲဘက်ဆိုင်ရာအရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့အမှုလိုက်ပုံတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။နာမည်‌ကြီး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တဲ့ “ဟာမယ်လင်းက ပုလွေဆရာ”ပုံပြင်ထဲက ပုလွေမှုတ်သူကိုအတုယူပြီးကိုယ့်ကိုယ်ကိုယ် ပုလွေဆရာလို့ အမည်ပေးထားတဲ့ လူထူးဆန်းတစ်ယောက်ဟာပြန်ပေးဆွဲခံခဲ့ရတဲ့ အလုပ်သမားတွေ၊ အလုပ်ထုတ်ခံထားရတဲ့ သတင်းထောက်တွေလိုမျိုးမတရားမှုကြောင့် ခံစားခဲ့ရတဲ့သူတွေကို အသုံးချပြီးတော့ အားနည်းတဲ့ပြည်သူတွေအပေါ် အနိုင်ကျင့် လုပ်ချင်ရာလုပ်ကြတဲ့အာဏာရှိ လူချမ်းသာတွေကို လက်စားလိုက်ချေဖို့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ပုံပြင်ထဲကပုလွေဆရာလိုပဲ ဒီခေတ်သစ်ပုလွေဆရာကလည်းသူ့ရဲ့သားကောင်တွေဆီကို ဖုန်းထဲကနေလေချွန်သံပေးရင်းနဲ့သူပေးတဲ့အမိန့်တွေအတိုင်း လိုက်လုပ်စေတာပါ။အဲဒီလို သရုပ်မှန်မသိရတဲ့ ပုလွေမှုတ်သူဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်လာရင်းအပြစ်မဲ့ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေကိုပါထိခိုက်လာတဲ့အခါမှာတော့အရေးပေါ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ ကျွမ်းကျင်စေ့စပ်ညှိနှိုင်းသူ Joo Sung-Chanလက်ထောက်ဗိုလ်ကြီး Yeo Myaung-haတို့အဖွဲ့ ဘယ်လို‌တွေကိုင်တွယ်ဖြေရှင်းကြမလဲ။အဓိကသတင်းကြေငြာသူတစ်ယောက်ဖြစ်တဲ့ Yoon Hee-sung ဆိုသူနဲ့ရော ဘယ်လိုတွေပတ်သက်နေမလဲ။ပုလွေဆရာရဲ့ သရုပ်မှန်ကိုရော ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာတွေကိုစိတ်လှုပ်ရှားစရာလှည့်ကွက်တွေနဲ့အတူ ပရိသတ်ကြီးကိုယ်တိုင်ပဲ လိုက်လံတွေးတောရင်းနဲ့ အဖြေရှာကြည့်လိုက်ကြပါဦးနော်။