နာမည်ကျော် Webtoon စီးရီးဖြစ်တဲ့ True Beauty လေးကို2020 ခုနှစ်တုန်းက Kdrama အနေနဲ့ ထွက်ရှိခဲ့ကာ အောင်မြင်ထားပြီးယခုတစ်ခါမှာတော့ ဆန်းသစ်စွာနဲ့ Anime အဖြစ် ပြန်ထွက်ရှိလာခဲ့လို့အမြန်ဆုံး တင်ဆက်ပေးလိုက်ရပါတယ်။Art Style တွေကတော့ ဂျပန် Anime ပုံစံသွားထားပေမဲ့စကားပြောသံကိုတော့ Korea မူရင်းပဲ ပြန်သုံးထားပါတယ်။သူများတွေပြောစကားအရတော့ မူလ Webtoon နဲ့ Kdrama ကနည်းနည်းကွာခြားမှုတွေ ရှိတယ်လို့တော့ ဆိုကြပါတယ်ဒါကြောင့် ဒီ Anime လေးကလည်း မူရင်းဇာတ်ကြောင်းအတိုင်းလိုက်မလား ကွန့်မြူးမှုတွေ ရှိဦးမလားဆိုတာတော့တစ်ပတ် တစ်ပတ် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ဒီတော့ Kdrama ဖန်တွေလည်း တစ်မူထူးခြားတဲ့Anime လေးအနေနဲ့ ပြန်ကြည့်လို့ရမယ်၊ Webtoon ဖန်တွေလည်းရုပ်ပြဆန်ဆန် ကြည့်လို့ရမယ်၊ ဘာမှ မဖတ်ဖူး မကြည့်ဖူးတဲ့ Anime ဖန်တွေလည်းဒီတိုင်း အချစ်ဟာသစီးရီးလေး အဖြစ် ခံစားနိုင်မှာဆိုတော့ ဘာလိုသေးလဲပေါ့။ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ဆိုးပန်းဆိုးဖြစ်တဲ့အပြင်စာပါညံ့သေးတဲ့ ကောင်မလေး Jugyeong ဟာ ကျောင်းမှာ အမြဲတမ်းအနိုင်ကျင့်ခံနေတာ ဖြစ်ပါတယ်။ဝါသနာကလည်း သရဲဝတ္ထုကာတွန်းတွေနဲ့ Metalသီချင်နားထောင်တာဆိုတော့ဘာပြောကောင်းမလဲပေါ့လေ။ဒီလိုနဲ့ အဆင်မပြေမှုတွေများစွာကြောင့် ကျောင်းပြောင်းရဖို့ ဖြစ်လာပါတော့တယ်။ကျောင်းသစ်ကိုမပြောင်းခင် ပိတ်ရက်တွေမှာ Jugyeong တစ်ယောက်မိတ်ကပ် Tutorial တွေ ရှယ်ကျင့်ရင်း ဆရာမကြီးဖြစ်သွားပြီးကျောင်းအသစ်ကို တက်တဲ့အခါမှာတော့ တစ်ကျောင်းလုံးကယောက်ျားမိန်းမမကျန် ဝိုင်းငေးရတဲ့ မိန်းမချောလေးအဖြစ် ပြောင်းလဲသွားခဲ့တာပေါ့။ဒါပေမဲ့ ဒီရုပ်နဲ့ သဘာဝရုပ်က လုံးလုံးမှ မတူညီတာမို့ စိတ်မလုံခြုံသူလေးတစ်ယောက်ပါ။ဒီလိုနဲ့ တစ်ရက်ကျ သဘာဝရုပ်အတိုင်း သူဖတ်နေကြ စာအုပ်ဆိုင်ကို သွားတဲ့အခါရုပ်ချောချောအဆင်လေးတစ်ယောက်နဲ့ရန်သတ်လာခဲ့ပါတယ်ဒီထက်ပိုကံဆိုးချင်တော့သူတက်နေတဲ့ကျောင်းကိုမှပြောင်းလာတဲ့ကျောင်းသားသစ်လည်း ဖြစ်နေပြန်ပါတယ်။အဲဒါအပြင် ဒီကျောင်းသားသစ်က သူ့ကို သဘာဝရုပ်ရောမိတ်ကပ်ရုပ်ရော မှတ်မိနေတဲ့အခါမှာတော့….။သူတို့နှစ်ဦး ဇာတ်လမ်းလေးက ဘာဆက်ဖြစ်လာမလဲ၊ သဘာဝရုပ်လေးမပေါ်သွားအောင် ဘယ်လိုတွေ ဖုံးကွယ်ကြမလဲ၊ နောက်ထပ်ကောင်လေးတစ်ယောက်အသစ်ကရော သူတို့နှစ်ဦးကြားဘယ်လိုဝင်ပါလာပြီး Love Trio ဘယ်လိုဆက်ဖြစ်မလဲဆိုတာတစ်ပတ်တစ်ပိုင်း ရင်ခုန်သွားရမှာပဲ ဖြစ်ပါတယ်။