ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများ၊ စိတ်ခြောက်ခြားတုန်လှုပ်စေတဲ့အထိနှောင့်ယှက်ခံခဲ့ရသူများရဲ့ ဖြစ်ရပ်မှန် ရင်ဖွင့်စကားသံများနဲ့အတူ ကိုရီးယားနိုင်ငံရဲ့နတ်ဝင်သည် လောကအကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။မြင်အပ်တဲ့ ပရလောကသားတွေရဲ့ ပူးကပ်နှောင့်ယှက်ခံရမှုမျိုးစုံကို ကျောချမ်းစရာတွေ့မြင်ရမှာဖြစ်သလို ကိုရီးယားနိုင်ငံရဲ့ ရိုးရာကန်တော့ပွဲတွေ အကြောင်း၊ကိုရီးယားနိုင်ငံရဲ့ တစ္ဆေမျိုးစုံအကြောင်းနဲ့ ဝိညာဉ်ပူးကပ်ခံရခြင်း အကြောင်းအရင်းတွေကိုလည်းစိတ်ဝင်တစားနဲ့ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ထိတ်လန့်စရာ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို အသက်ဝင်အောင် ပုံဖော်ရိုက်ကူးပြသထားပြီးတွေ့ဆုံမေးမြန်းသူများအဖြစ် Vigilanteထဲက မင်းသားကြီး Yoon Ji Taeနဲ့Big Mouth ဇာတ်လမ်းထဲက မြို့တော်ဝန်ရဲ့ ဇနီးဖြစ်သူ မင်းသမီး Ok Ja Yoon တို့က ပါဝင်ထားပါတယ်။