ပတ်ချန်ဟိုဟာဆိုရင် တရားခွင်မှာ နိုင်နိုင်ချေ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတဲ့ ရှေ့နေတစ်ယောက်ပါ အရမ်းလည်းစကားများလွန်းလို့ လူတိုင်းက Big mouth(အာကျယ်ကောင်)ဆိုပြီး နာမည်ပြောင်ပေးထားရသူပါ ဂိုမီဟိုကတော့ ပတ်ချန်ဟိုရဲ့မိန်းမဖြစ်ပြီး သူနာပြုဆရာမလေးတစ်ယောက် ဖြစ်ပါတယ် ရုပ်ရည်ချောမောရုံသာမက ယောကျာ်းဖြစ်သူ ရှေ့နေဖြစ်လာတဲ့အထိ ငွေကြေးပိုင်း စိတ်ပိုင်းဆိုင်ရာအဘက်ဘက်ကနေ supportive ပေးခဲ့တဲ့ မိန်းမဖြစ်တဲ့အပြင် အရမ်းကိုထက်မြတ်တဲ့မိန်းကလေးဆိုလည်း မမှားပါဘူး တစ်နေ့မှာ ချန်ဟိုတစ်ယောက် လူသတ်မှုတစ်ခုမှာပါဝင်ဖို့ အကြောင်းဖန်လာပြီးတော့ ဥာဏ်ကြီးရှင်လူလိမ် Big mouth အဖြစ်သံသယဝင်ခံရတဲ့အခါ…..