Terminator Zero (2024) Season 1Genre – Anime, Action, Adventure, Sci-fiဒီနေ့ 29th August ဆိုတာက Terminator Universe အတွက်တော့ Judgement Day ပါ။Judgement day ဆိုတာကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက မင်းသားကြီး အာနိုးပါဝင်တဲ့Terminator 2 ထဲမှာ AI တွေက အသိစိတ်ဝင်ပြီးလူသားတွေအပေါ် နူကလီးယားချတဲ့နေ့ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။အဲဒါ ဒီနေ့မှာတင် ထူးထူးခြားခြား Terminator ကမ္ဘာရဲ့ ပထမဆုံး Animation စီးရီးကိုNetflix ကနေ Bleach ဒါရိုက်တာရဲ့ လက်စွမ်းနဲ့အတူ Kaiju No.8, Ghost in the Shell တွေကိုထုတ်လုပ်ပေးထားတဲ့ Production IG ကုမ္ပဏီရယ် MI ရုပ်ရှင်တွေကို ထုတ်လုပ်ပေးခဲ့တဲ့Skydance နဲ့ ပူးပေါင်းထုတ်လုပ်ပြီး ထွက်ရှိလာခဲ့ပါပြီ။ ဒီစီးရီးမှာတော့ အမေရိကန်အခြေစိုက်မဟုတ်တော့ပဲ ဂျပန်နိုင်ငံကို ဦးစားပေး တင်ဆက်ထားပေမဲ့ အားလုံးသိခဲ့တဲ့James Cameron ရဲ့ Terminator Universe မှာပဲ တည်ရှိနေတာပါ။ဇာတ်ကြောင်း Timeline အရတော့ ၁၉၉၇ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကို အပြန်အလှန် ယှဉ်ပြထားတာပါ။၁၉၉၇ ခုနှစ်မှာကတော့ Dr Malcolm ဆိုတဲ့ သိပ္ပံပညာရှင်က ဒီ Judgement ကြီး ဖြစ်နေမှာကိုသိပြီးသားလူတစ်ယောက် အဲဒါကို တားဆီးဖို့ Kokoro ဆိုတဲ့ AI နဲ့ ကြိုးစားနေတာပေါ့လေ။ ခုနှစ်မှာတော့ သိတဲ့အတိုင်း လူတွေနဲ့ စက်ရုပ်တွေ စစ်ဖြစ်နေပြီ လူသားတွေ အရေးနိမ့်လို့မြေအောက်နေရာတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ တစ်ကွဲတစ်ပြားပေါ့။ အဲဒီမှာ Eiko ဆိုတဲ့စစ်သည်တော်တစ်ယောက်က Skynet ရဲ့ အရေးပါဒေတာတွေ ရလာချိန် ၁၉၉၇ ခုနှစ်ကိုအချိန်ခရီးသွားဖို့ ဖြစ်လာတယ်။ ရန်သူတော်တွေဖက်ကလည်း Terminator တစ်ယောက်ကို၁၉၉၇ ခုနှစ်ကို စေလွှတ်တဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။