မိန်းမလှလေးတွေသီးသန့်ငမ်းချင်တဲ့သူတွေ ရှယ်ကြိုက်ရစေမယ့်Workpointရဲ့လက်ရာသစ် နက်ဖုလစ်ထိုင်းကားလေးဖြစ်တဲ့ မိန်းမလှမြို့တော်vနာမည်နဲ့လိုက်အောင်ပဲ မိန်းမလှတွေစုဝေးနေတဲ့ လပုလဲဆိုတဲဝေးလံခေါင်ဖျားတောင်ပေါ်က မြူတွေဝိုင်းထားတဲ့ ဒဏ္ဍာရီထဲက မြို့တော်တစ်ခုဒီမြို့ငယ်လေးမှာက မိန်းမသားတွေပဲစုဝေးနေထိုင်တာဆိုတော့ မိန်းမသားတွေပဲအုပ်ချုပ်ပြီးမိန်းမသားတွေပဲ အစစအရာရာစီမံတာပေမဲ့ မိန်းမသားတွေသီးသန့်လုပ်မရတဲ့အရာတစ်ခုကတော့ ကျန်နေဆဲပါပဲ။အဲဒါကတော့ လူဦးရေတိုးပွားရေးပါပဲ။ဒီတော့ အရွယ်ရောက်ပြီးတဲ့ လပုလဲသမီးပျိုတိုင်းက နတ်ဆိုးအမဲလိုက်ပွဲအတွက် လူရွေးချယ်ပွဲမှာပါဝင်ပြီးတော့နတ်ဆိုး ဆိုတဲ့ ယောက်ျားသားတွေကိုရှာဖွေပြီး မျိုးဆက်ပြန့်ပွားရေးအတွက် ကြိုးပမ်းရပါတယ်။ထုံးစံအတိုင်းပဲ ကလေးရရုံကြိုးပမ်းရေးတို့အရေးကနေ သံယောဇဉ်တွေ အချစ်တွေ မေတ္တာတွေနဲ့ပြင်ပလောကနဲ့မထိတွေ့ဖူးတဲ့ လပုလဲရဲ့သမီးပျိုတွေရဲ့ ယောက်ျားရှာစွန့်စားခန်းလေး ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။Plus အနေနဲ့ မိန်းမလှတွေချည်းစုနေတာဆိုတော့ GLလေးတွေလည်းပါဦးမှာမလို့GL fanတွေလည်း မျှော်လင့်ထားလို့ရဦးမှာပါ။