My Deer Friend Nokotanしかのこのこのここしたんたん FHD

My Deer Friend Nokotanしかのこのこのここしたんたん

Comedy Animation FHD 2024-07-07 8.903

ဒီ Anime လေးကတော့ ဇာတ်လမ်းဇာတ်အိမ်ပိုင်းကအဲဒီလောက် မဟုတ်ပေမဲ့ ဟာသပိုင်းကတော့ ခွီနေရတာနဲ့တင်တစ်နေ့တာ ပင်ပန်းခဲ့တာတွေ အမောပန်းပြေစေမှာပါ။Nokotan နေရာ အသံသရုပ်ဆောင်ထားတာလည်းကလေးသံလေးနဲ့မို့ ချစ်စရာလည်းကောင်း အမြင်ကပ်စရာလည်း ကောင်းနေမှာ အမှန်ပါပဲ။သူ့ရဲ့ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်းတစ်ကျောင်းမှာKoshi ဆိုတာ တစ်ကျောင်းလုံးသာမက ပတ်ဝန်းကျင်ကပါလေးစားအားကျရတဲ့ ဘက်စုံထူးချွန်သူ ဒုတိယနှစ်ကျောင်းသူအချောအလှလေးပေါ့လေ။ဒါပေမဲ့ သူ့မှာ သူများတွေ မသိရတဲ့ မှောင်မိုက်တဲ့အတိတ်ဆိုးကြီးတစ်ခု ရှိပါတယ်၊ အဲဒါကတော့အရင်တုန်းက သူက ဆိုးသွမ်းခဲ့တဲ့ ဂိုဏ်းလူမိုက်တစ်ယောက်ပါ။အဲဒီသရုပ်မှန်ကို ဖုံးဖိဟန်ဆောင်နေရင်း တစ်ရက်ကျထူးထူးဆန်းဆန်း သမင်ချိုပေါက်နေတဲ့ ကျောင်းပြောင်းလာတဲ့(Nokotan) ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီးဒီကောင်မလေးက သူ့ရဲ့ သရုပ်မှန်တွေကို သိနေတာဖြစ်လို့သူ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်းဝေဒနာဒုက္ခတွေပေးလို့ Koshi တစ်ယောက် ပြဿနာတက်ရမှာတွေကိုရယ်စရာမောစရာအဖြစ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ရှေ့မှာပြောထားသလိုပဲ Plot အကြီးစား မဟုတ်ပေမဲ့လို့ တစ်ပိုင်းတစ်ပိုင်းခွီနေရတာနဲ့တင် တန်ပါတယ်၊ နာမည်ကျော် Deadpool တို့လိုပဲသူက ကြည့်ရှုသူတွေကို 4th Wall Breaking စတိုင်နဲ့လှမ်းလှမ်းပြီး စကားပြောထားဟန်တွေရော ခုထိ ကြည့်ထားရသလောက်တခြား Pop Culture တွေဖြစ်တဲ့ Tokyo Revengers တို့our Lie in April တို့ Jo Jo တို့ Resident Evilတို့ကိုလည်းနောက်ပြောင်ထားတာကို မြင်ရဦးမှာပါ။တစ်ပတ်တစ်ပိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့အားပေးကြည့်ရှုကြဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေဗျာ။