NieR:Automata Ver1.1a FHD

NieR:Automata Ver1.1a

“Nier: Automata Ver1.1a” Anime ဟာ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ Action RPG ဂိမ်းတစ်ခုဖြစ်တဲ့ Nier: Automat‌a ကိုအခြေခံထားတာဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ လူသားတွေစွန့်ပစ်ထားတဲ့ကမ္ဘာပျက်ကြီးအပေါ်မှာ ဂြိုလ်သားတွေဖန်တီးထားတဲ့စက်သက်ရှိတွေနဲ့ လူသားများဖန်တီးထားတဲ့လူသားပုံစံစက်ရုပ်တွေရဲ့ နောက်ဆုံးစစ်ပွဲကို အဓိကတင်ဆက်ထားပါတယ်။အဆင့်မြင့် YoRHa တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ စစ်သားနှစ်ယောက်ဖြစ်တဲ့2B နဲ့ 9S တို့ Android စက်ရုပ်နှစ်ရုပ်ကို အဓိကဇာတ်ကောင်တွေအနေနဲ့ မြင်တွေ့နိုင်မှာဖြစ်ပြီး အလန်းစား Sword Fighting Sequence တွေနဲ့achines VS Android Battles တွေကိုလည်း တဝကြီးရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့လည်း ဂိမ်းကို အနီးစပ်ဆုံးနဲ့ Cutscenes တွေပါမကျန်အသေးစိတ် ဂရုစိုက်ဖန်တီးထားပြီး Character Design တွေကိုလည်းဂိမ်းကနေ Anime အဖြစ်ကိုပြောင်းလဲတဲ့အချိန်မှာ မဖြစ်မနေပြောင်းလဲရမယ့်အစိတ်အပိုင်းတွေကလွဲပြီး ဂိမ်းအရသာမပျက်အောင်တင်ဆက်ထားကြပါတယ်။Nier: Automata Ver1.1a ဟာ Nier: Automata ဂိမ်းဖန်တွေအပြင်Anime ဖန်တွေပါလက်မလွတ်တမ်းကြည့်ရှုသင့်တဲ့အတွကပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။