ဟာရွန်ရှာအာလီဘေဆိုတဲ့ ဒုစရိုက်သမားတဖြစ်လည်း နိုင်ငံရေးသမားတစ်ယောက်ရဲ့ အကြောင်းပေါ့။ လူမျိုးကြီးဝါဒကြီးစိုးပြီး ဇာတ်နိမ့်၊ဇာတ်မြင့် ခွဲခြားဆက်ဆံတဲ့ ပြဿနာနဲ့ အဓိကရုဏ်းတွေ၊ ဘာသာရေးအမြင်ကွဲလွဲမှုကြားထဲက လူတွေရဲ့ ကြမ်းကြုတ်မှုတွေ၊ ဒါတွေကို ငယ်စဥ်ဘဝကတည်းက ကြုံလာခဲ့တဲ့ ဟာရွန်။ နိုင်ထက်စီးနင်းမှုတွေအောက်မှာ အလူးအလိမ့်ခံခဲ့ရတဲ့ ဟာရွန်တစ်ယောက် ဘီဟာပြည်နယ်ရဲ့ မထင်မရှားဘဝကနေ လူတိုင်း နာမည်ကြားရုံနဲ့ ကြောက်ရတဲ့ ဒုစရိုက်သမားဘယ်လိုဖြစ်လာခဲ့လဲ။ ပြည်နယ်ရဲ့ အာဏာအရှိဆုံး နိုင်ငံရေးသမားတစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတဲ့ အကြောင်းကို အပိုအလိုမရှိတဲ့ လှည့်ကွက်တွေနဲ့ ကြည့်ရမှာမို့ ကားကောင်းလေးတစ်ကားလို့ ညွှန်းလိုက်ပါတယ်ဗျာ။