Kill Me Love Me春花焰 FHD

Kill Me Love Me春花焰

Drama Action & Adventure FHD 2024-10-14 9

ThutaBackupTWO/MOVIES/2023/November/NOV-14မင်းသားလေးတစ်ပါးနဲ့ မိသားစုအတွက်လက်စားချေဖို့ကြိုးစားနေတဲ့မိန်းမလှလေးတစ်ယောက်တို့ရဲ့ အကွေ့အကောက်တွေကြားကခက်ခက်ခဲခဲချစ်မိသွားတဲ့ ချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဘုရင့်သားတော်တစ်ပါးဖြစ်တဲ့ မုရုံကျင်ဟယ် – ချင်းကျိုးကိုပြန်သိမ်းနိုင်ဖို့စစ်ချီခဲ့တယ်။စစ်အောင်နိုင်လို့ချင်းကျိုးမြို့ထဲကိုဝင်တဲ့အခါ မီးကြီးဟာရုတ်တရက်လောင်နေခဲ့တယ်။အားလုံးကတော့ ဒါဟာမင်းသားကပြည်သူတွေအပေါ်အငြိုးမပြေပဲပြုမူတဲ့ရက်စက်တဲ့လုပ်ရပ်လို့ထင်ကြတယ်။ ဒီလိုနဲ့သူဟာဖြောင့်မတ်တဲ့စစ်သူကြီးအဖြစ်ကနေရက်စက်တဲ့လူသတ်သမားစစ်သူကြီးဖြစ်သွားခဲ့တယ်။ အဲဒီမီးကြီးထဲမှာမေလင်ဆိုတဲ့မိန်းကလေးရဲ့မိသားစုဟာ အသက်ဆုံးရှုံးလိုက်ရတယ်။အဲ့ဒါကြောင့် မေလင်ဟာ မိသားစုအတွက်လက်စားချေဖို့ရာလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထဲဝင်ခဲ့တယ်။ အပြင်းအထန်လေ့ကျင့်ပြီးတဲ့အခါမှာတော့အဆိပ်ရည်ကိုသောက်ပြီး လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့တယ်။ မေလင်ဟာနောက်ဆုံးမှာတော့ သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူ့မိသားစုကိုသတ်သွားတဲ့ရန်သူမင်းသားမုရုံကျင်ဟယ်ကိုသတ်ဖို့ တာဝန်ပေးခံရတယ်။ ဒါပေမယ့် သူမသိလိုက်တာကတော့ဒီအရာအားလုံးက မုရုံကျင်ဟယ်ရဲ့ အစီအစဉ်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ မိန်းကလေးရဲ့လက်စားချေတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ……တကယ့်နောက်ကွယ်ကတရားခံကရော ဘယ်သူဖြစ်နေမလဲ……မင်းသားလေးနဲ့မိန်းကလေးရဲ့အချစ်ခရီးကရော ချောမွေ့နိုင်ပါ့မလားဆိုတာစောင့်ကြည့်လိုက်ရအောင်နော်။