Ding Liaoliao ဟာ စီနီယာအစ်မ Lian Geyao ကိုအားကျတာကြောင့် ဂျာနယ်လစ်ဆင် မေဂျာကို ယူခဲ့ပြီး ဘွဲရပြီးနောက်ပိုင်းမှာတော့ Jian Xia တီဗီချန်နယ်မှာ ဇာတ်ညွှန်းဒါရိုက်တာ ဖြစ်လာခဲ့ပါတော့တယ် Ding Liaoliao ဟာ ပွင့်ပွင့်လင်းလင်းပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်ပါတယ် ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် အေးစက်စက်နေတတ်ပြီး စည်းကမ်းတင်းကြပ်တဲ့ ဆေးဝါးပါရဂူ Jiang Kan နဲ့ တစ်အိမ်ထဲအတူနေဖို ဖြစ်လာပါတော့တယ် အကျင့်စရိုက်က မိုးနဲ့မြေလိုဖြစ်နေကြတဲ့သူတိုနှစ်ယောက်အတူနေမှတော့ အမြဲလိုလိုရန်ဖြစ်နေကြတာပေါ့ အဲ့လိုကနေ အတူနေလာရင်းနဲ့ပဲ အချင်းချင်း နားလည်လာကြတဲ့အခါမှာတော့ ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်