လွန်ခဲ့တဲ့ 17 နှစ် ဆာရန်ဝါဒီဆိုတဲ့မြို့လေးမှာ အမျိုးသမီးတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ စိတ္တဇဆန်ဆန်ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိခဲ့ဖူးတယ် သူ့ရဲ့ အရိပ်မည်းကြီးက သူ့သားသမီးတွေပေါ်မှာ လွှမ်းမိုးလာခဲ့ပြီး…. တစ်နေ့ ဆာရန်ဝါဒီ ရွာလူကြီးသတ်ခံရတဲ့အချိန်မှာ အားလုံးက သူ့သားလက်ချက်လို့ မှတ်ယူလိုက်ကြတယ် ဒါတွေဖြစ်ပြီး 17 နှစ်အကြာမှာ “The Pulse” ဆိုတဲ့ Youtuber တစ်ယောက်က လွန်ခဲ့တဲ့ 17 နှစ်က ကွင်းဆက်လူသတ်မှုတွေအကြောင်း vlog တွေရိုက်တင်ခဲ့တယ် အဲ့ဒီနောက်မှာ လွန်ခဲ့တဲ့ 17 နှစ်ကလို ရက်ရက်စက်စက်နည်းတွေနဲ့ ပုံစံတူလူသတ်မှုတွေ ဆက်တိုက်ပေါ်လာခဲ့တယ် တချို့က လွန်ခဲ့တဲ့ 17 နှစ်ကလူ ပြန်ပေါ်လာတာ ပြောကြပြီး တစ်ချို့က ပုံစံတူကူးချထားတဲ့ တရားခံအသစ်တွေလို့ ပြောကြတယ် တစ်ကယ် ပြန်လာတာလား ….. ပုံစံတူကူးချထားတာလား……