RAP:PUBLIC 랩:퍼블릭 FHD

RAP:PUBLIC 랩:퍼블릭

Reality FHD 2024-10-02 8.3

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် Mnet ကနေ ထုတ်လွှင့်ပြသလျက်ရှိတဲ့Rap:Public ဆိုတဲ့ survival showလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီ Rap:Public မှာတော့ Jay Park မှ MC အနေနဲ့ ပါဝင်ထားပြီး Show Me The Money တုန်းကပါဝင်ခဲ့ဖူးတဲ့ Rapperတွေ၊ မီဒီယာပေါ်မှာတွေ့ရခဲတဲ့ သူတွေ သိပ်မကြာသေးခင်ကမှလူထုရဲ့ အသိအမှတ်ပြုခြင်းခံထားရတဲ့ သူတွေ နဲ့ idol, traineeတွေ စသဖြင့် rapper ပေါင်းအယောက်၆၀မှ ပါဝင်ယှဥ်ပြိုင်သွားမှာပဲဖြစ်ပြီး အနိုင်ရရှိတဲ့ rapper ကတော့ ဝမ် သန်း၃၀၀နဲ့Rap:Public ကို သိမ်းပိုက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒီ showလေးမှာဆိုရင်တော့ rapper တွေဟာ rap တစ်ခုတည်းကိုပဲ လက်နက်အနေနဲ့ အသုံးပြုပြီးယှဥ်ပြိုင်သွားကြရမှာဖြစ်သလို ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ဒီ Rap publicထဲမှာကိုယ်ပိုင် block တွေကို ဖွဲ့စည်းပြီး အဖွဲ့အလိုက်ယှဥ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။Rapper တွေရဲ့  သူမတူတဲ့ rap skill တွေ စည်းလုံးမှုတွေအပြင် တစ်ဖက်မှာလည်း သစ္စာဖောက်မှုတွေလှည့်စားမှုတွေနဲ့ ပရိသတ်ကြီးကို ခံစားချက်မျိုးစုံပေးရင်း တကယ့် hip hopလောကထဲကိုဆွဲခေါ်သွားမဲ့ showလေးမို့ Channel Myanmarနဲ့အတူ လက်မလွှတ်တမ်း ခံစားကြည့်ရှုလိုက်ရအောင်နော်။