Yakuza Fiancé: Raise wa Tanin ga Ii 来世は他人がいい FHD

Yakuza Fiancé: Raise wa Tanin ga Ii 来世は他人がいい

ဒါကတော့ တိုက်ခိုက်တာတွေ ချတာတွေကို ရိုးနေမယ့် Anime ဖန်တွေအတွက် Rom-com အမျိုးအစား အသစ်ထွက်စီးရီးလေး ဖြစ်ပါတယ်။Rom-com ဆိုလို့ အချစ်အကြောင်းတွေချည်း မဟုတ်ပဲ စီးရီးနာမည်အတိုင်း ယာကူဇာတွေရဲ့လောက သဘာဝတွေလည်း ပါဝင်ပါသေးတယ်။ဇာတ်ကြောင်းလေး ပြောရမယ်ဆိုရင်တော့ Tokyo က ယာကူဇာမိသားစုရဲ့ မြေးဖြစ်သူနဲ့Osaka က ယာကူဇာမိသားစုရဲ့ မြေးမလေးဖြစ်သူတို့ကို ပေးစားဖို့ဆိုပြီး ကောင်မလေးက Tokyo ကို ကျောင်းသွားတက်ရာကနေ အစချီထားတယ်။သူရောက်သွားတဲ့အချိန်တော့ သူလက်ထပ်ရမယ့် သတို့သားလောင်းက ရုပ်ချောချောနဲ့ အမြဲတမ်း ပြုံးရယ်နေတတ်တဲ့လူပေါ့။အကုန်လုံး အစစအရာရာ ကူညီပေး သဘောကောင်းပြီး အဆင်ပြေတယ်ဆိုပြီး ထင်ထားတဲ့အချိန်မှ သကောင့်သားက မင်းသားခေါင်းဆောင်းကို ချွတ်ပြီး ဘီလူးဆိုင်း တီးပါတော့တယ်။ဒီကောင်မလေး ဘယ်လိုလုပ်မလဲ ကြောက်ကြောက်နဲ့ ပြန်ပြေးမလား အဘိုးပြောတဲ့အတိုင်း ၁ နှစ်ကို သည်းခံနေပြီး ဒီကောင့်ကို ပြန်ဖြဲမလား စသဖြင့်မင်းသမီးနဲ့ မင်းသား ဘုနဲ့ဘောက် အချိုးမပြေ ရန်သတ်ရင်း Toxic Relationship တစ်ခုကို ဘယ်လိုတည်ဆောက်ပြသွားမလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။မင်းသားက Red Flag လိုကောင်မျိုးမှ ကြည့်ချင်တာ ကြိုက်တာဆိုရင်တော့ ဒါ သင်တို့အတွက်ပါပဲ။Rom-com ဆိုပေမဲ့ ယာကူဇာမိသားစုအကြောင်းတွေ ဇာတ်ရှုပ်ကြတာတွေ သတ်တာဖြတ်တာတွေအပြင် ဟာသလေးတွေလည်း ပါတာမို့ ရသစုံလေးပါပဲ။