အသန့်အရမ်းကြိုက်ပြီး လိမ်ညာတာကို အလွန်မုန်းတီးတဲ့ Sira တစ်ယောက် လှည့်ဖြားတဲ့နေရာမှာ ဆရာကျတဲ့ Keetika နဲ့အတူတူ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်……. Keetika ရဲ့မိခင်ဖြစ်သူက လင်ယောက်ျားကို ပစ်သွားပြီး အထည်အလိပ်ကုမ္ပဏီပိုင်ရှင် Papop နောက် ကောက်ကောက်ပါအောင်လိုက်သွားခဲ့လေတော့ နှစ်ယောက်သား အဆင်မပြေတဲ့သားအမိဆက်ဆံရေး ဖြစ်နေခဲ့ပါတယ် အဲဒါအပြင် ပထွေးရဲ့ သမီးဖြစ်သူ Chanaratee နဲ့ Keetika ကလည်း လင်ပါသမီးနဲ့ မယားပါသမီးဆိုတော့ မတည့်ကြဘဲ မိသားစုအရေးက ရှုပ်ထွေးနေပါလေရော Sira ကတော့ ငယ်ကတည်းက Primyuda ဆီမှာ မွေးစားခံရပြီး Primyuda ရဲ့မြေးရင်း Sasa ကို ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ လိုက်ခေါ်နေတာပါ။ ခေါ်မရတော့ Sasa ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Keetika ကို ကုမ္ပဏီမှာ အလုပ်လာလုပ်ဖို့ တောင်းဆိုလိုက်တာပါ။ တကယ်တမ်း Keetika နဲ့ Sasa လမ်းခွဲလိုက်ရတာက Primyuda ရဲ့ စနက်ကြောင့်ဖြစ်တယ်ဆိုတာ မသိဘဲ ခေါ်လိုက်တဲ့အခါမှာတော့…..