Money Heist လို ဘဏ်ကိုဓားပြတိုက်ပြီး ဓားစာခံတွေပြန်ပေးဆွဲထားတဲ့ နောက်ထပ် Netflixစီးရီးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ 1981ခုနှစ် မေလ23ရက်နေ့ ဘာစီလိုနာမြို့မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအနေနဲ့လည်း Money Heist ထဲမှာပါဝင်ခဲ့တဲ့ “Miguel Herrán”, “María Pedraza”,”Hovik Keuchkerian”တို့အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ်။1981ခုနှစ် စပိန်နိုင်ငံမှာ အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး သုံးလတိတိပြည့်တဲ့ မေလ23ရက်နေ့မှာ ဘာစီလိုနာဗဟိုဘဏ်ကို လက်နက်တွေပါပြီး မျက်နှာဖုံးစွပ်ထားတဲ့လူတွေကဝင်ရောက်စီးနင်းခဲ့ပါတယ်။ဘဏ်ကိုဝင်စီးနင်းတယ်ဆိုပေမဲ့ ရိုးရိုးဓားပြတိုက်တာမဟုတ်ဘဲ ဘဏ်ထဲကလူပေါင်း(300)လောက်ကိုပါ ဓားစာခံအနေနဲ့ပြန်ပေးဆွဲထားပြီး သူတို့ရဲ့တောင်းဆိုချက်တွေကိုလိုက်လျောပေးဖို့အာဏာပိုင်တွေကိုခြိမ်းခြောက်ပါတယ်။ဒါပေမဲ့ တရားခံတွေကဘာကိုလိုချင်တာလဲ ဒီဓားပြမှုကိုဘာကြောင့်လုပ်ရလဲဆိုတဲ့အကြောင်းအရင်းကို အာဏာပိုင်တွေက လူထုကိုထုတ်မပြဘဲဖုံးကွယ်ထားတာကြောင့်သတင်းထောက်မလေးတစ်ယောက်က ထိုအကြောင်းအရင်းအစုံကိုသိရဖို့ အာဏာပိုင်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် ထိုခေတ်ထိုအခါက စပိန်နိုင်ငံရဲ့သမိုင်းကြောင်းကိုလည်းသိရှိနားလည်နိုင်မှာပါ။